Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 27 July 2012

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား များအား ထိုင်းအစိုးရမှ လုပ်သား အဆင့်မြင့် သင်တန်းများ ပို့ချသွားမည်



ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများရဲ့ အလုပ်စွမ်းရည် တိုးတက် စေဖို့နဲ့ တွေ့ကြုံ ရမယ့် အခက်အခဲများ လျော့နည်း သွားစေဖို့ ထိုင်းနိုင်ငံ အစိုးရမှ မြန်မာ
အလုပ်သမား များကို လုပ်သား အဆင့်မြင့် သင်တန်းများ ပို့ချသွားဖို့ ရှိတယ်လို့ ပြည်ပတွင် အလုပ် လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီရဲ့ ထိုင်းနိုင်ငံသို့ မြန်မာ အလုပ်သမားများ စေလွှတ်ခြင်း၊ လုပ်ငန်းဆိုင်ရာ သုံးသပ်ရေးနဲ့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား ရေးရာ ကိစ္စရပ်များ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အရ သိရပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံမှာ တရားဝင် သွားရောက် အလုပ် လုပ်ကိုင် လျက်ရှိတဲ့ မြန်မာ အလုပ်သမား ဦးရေ နှစ်သန်းခန့် ရှိပါတယ်။

ထိုင်းနိုင်ငံမှာ ရှိတဲ့ ထိုင်းနိုင်ငံ အလုပ်သမား ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ရဲ့ လေ့လာချက် တွေအရ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား များဟာ လုပ်ငန်းခွင် အတွင်းမှာ ၄၊ ၅ ၊ ၁၀ နှစ် လုပ်သက် ရှိပေမယ့် အခြေခံ အလုပ်သမား အဆင့်မှသာ ရှိပြီး ၎င်းတို့ရဲ့ စွမ်းရည် တိုးတက် မလာတာကို တွေ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီလို မြန်မာ လုပ်သားများဟာ အခြေခံ အလုပ်သမား အဆင့်မှ တိုးတက် မလာရတဲ့ အတွက် နှစ်နိုင်ငံ တာဝန်ရှိ သူတွေရဲ့ ညှိနှိုင်းချက်တွေ အရ ထိုင်းအစိုးရမှ မြန်မာ လုပ်သားတွေကို အဆင့်မြင့် သင်တန်းများ ဖွင့်လှစ် သင်ကြားပေး သွားမှာ ဖြစ်ပြီး အဆိုပါ သင်တန်းများ ဖွင့်လှစ် အကောင်အထည် ဖော်မယ့် အချိန် ကိုတော့ အတိအကျ မသတ်မှတ် ရသေးဘူးလို့ သိရပါတယ်။

ထိုင်းနိုင်ငံ အလုပ်သမား ကာကွယ် စောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်အရ ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ် နေတဲ့ မြန်မာ အလုပ်သမား များဟာ မသွားခင် ကတည်းက ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်သွား သော်လည်း လုပ်ငန်းခွင်နဲ့ လက်တွေ့ ကွာခြားမှုများ ရှိပြီး အခက်အခဲများ တွေ့ကြုံနေ ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘာသာ စကားများ၊ ယဉ်ကျေးမှု၊ လုပ်ငန်း တာဝန်များ၊ ထိုင်းနိုင်ငံမှ ဥပဒေများ၊ မိမိတို့ရဲ့ ခံစားခွင့်၊ အခွင့်အရေးများကို ကြိုတင် လေ့ကျင့်မှုများ ပြုလုပ်သွား သင့်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့