Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 28 July 2012

လျှပ်စစ်လုပ်သား ကျွမ်းကျင်မှုပြိုင်ပွဲ ဒုတိယအကြိမ် ကျင်းပမည်



မြန်မာလုပ်သားတွေ ကျွမ်းကျင်မှုတိုးတက်ပြီး လုပ်သားတန်ဖိုးမြင့်မား စေဖို့အတွက် ရည်ရွယ်ပြီး လျှပ်စစ်ကြိုး သွယ်တန်းပြိုင်ပွဲ ကို
သုခစုစံ ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု ကုမ္ပဏီနဲ့ စက်မှုလက်မှု သင်တန်းကျောင်းမှ ဒုတိယအကြိမ် ကျင်းပမှာဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကို သြဂုတ်လ ၁၁ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲကျင်းပ ပြုလုပ်မယ့် နေရာကတော့ သုခစုစုံ ပြည်ပလုပ်ငန်းခွင် စက်မှုလက်မှု သင်တန်းကျောင်းမှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါပြိုင်ပွဲမှာ သုခစုစံကုမ္ပဏီနဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းတို့မှ ပူးပေါင်းပြီး ပြိုင်ပွဲဝင် အသိအမှတ်ပြု Certificate များလည်းပေးအပ်မှာ ဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်လိုတဲ့ ကျွမ်းကျင်လုပ်သားတွေဟာ သြဂုတ်လ ၈ ရက်နေ့ထက် နောက်မကျစေဘဲ ပြိုင်ပွဲဝင်ပုံစံကို အခမဲ့ရယူတင်သွင်းပြီး ပြိုင်ပွဲယှဉ်ပြိုင်နိုင်တယ်လို့သိရပါတယ်။ ဒါ့အပြင် ပြိုင်ပွဲနဲ့ပတ်သက်ပြီး အကြံပေးလိုသူများ၊ အမှတ်ပေးစည်းမျဉ်းနဲ့ အကဲဖြတ်ဒိုင် လုပ်လိုသူများကိုလည်း ဖိတ်ခေါ်ထားလျက် ရှိတယ်လို့ သတင်းရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့