Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 30 July 2012

အဝေးပြေး ယာဉ်လုပ်သားများ အတွက် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်း ဖွင့်လှစ်သွားမည်



အဝေးပြေး ကုန်စည် ပို့ဆောင်ရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ အဝေးပြေး ကုန်စည် ပို့ဆောင်ရေး အသင်း လက်အောက်ရှိ
ယာဉ်လုပ်သားတွေ အတွက် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မယ့် ဆေးခန်းကို ဖွင့်လှစ်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်းကို သြဂုတ်လ လဆန်းပိုင်း လောက်မှာ ဖွင့်လှစ် သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီ ဆေးခန်းမှာ ဆရာဝန် ၁ ဦးနဲ့ သူနာပြု ၂ ဦး ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်းကို ဘုရင့်နောင် ကုန်စည်ဒိုင် အတွင်းရှိ ခရေလမ်း ထဲမှာ ဖွင့်လှစ် သွားမှာ ဖြစ်ပါတယ်။ ဒီလို ဖွင့်လှစ်ရာမှာ ဆေးခန်း စတင် ဖွင့်လှစ်ရာ မှာတော့ အချိန်ပိုင်း နဲ့သာ ဖွင့်လှစ်မှာ ဖြစ်ပြီး နောက်ပိုင်း မှာတော့ အချိန်ပြည့် ဖွင့်လှစ်နိုင်အောင် စီစဉ်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့