Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 25 July 2012

ထိုင်းနိုင်ငံသို့ လုပ်သားများ တရားဝင် လမ်းကြောင်း အရ သွားရောက်သော်လည်း ကုန်ကျစရိတ်များ မြင့်တက်နေ

ဇူလိုင်လ ၂၂ ရက်နေ့က ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်မှု ကော်မတီရဲ့ ကြီးကြပ်မှုနဲ့ ထိုင်းနိုင်ငံသို့ မြန်မာ လုပ်သမားများ စေလွှတ်ခြင်း လုပ်ငန်း ဆိုင်ရာ
သုံးသပ်ရေးနှင့် ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားရေးရာ ကိစ္စရပ်များ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ မြန်မာနိုင်ငံမှ လုပ်သား တွေဟာ ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက် လုပ်ကိုင်နေ ပေမယ့် ကုန်ကျစရိတ် တွေဟာ မြင့်မားလျက် ရှိတယ်လို့ သိရပါတယ်။

မြန်မာ လုပ်သားတွေဟာ ထိုင်းနိုင်ငံသို့ သွားရောက်ရန် ကုန်ကျစရိတ်ဟာ ကျပ် ၃ သိန်း ၀န်းကျင်ခန့်သာ ကုန်ကျသင့်တာ ဖြစ်ပေမယ့် နှစ်ဖက် နိုင်ငံရှိ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီ အချို့နဲ့ ပွဲစားများရဲ့ ပိုမို အမြတ်ယူမှု တွေကြောင့် ကုန်ကျစရိတ် တွေဟာ ကျပ် ၇ သိန်းမှ ကျပ် ၈ သိန်း ၀န်းကျင် ခန့်ထိ ကုန်ကျစရိတ်များ ရှိနေတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ထိုင်းနိုင်ငံကို တရားဝင် သွားရောက်တဲ့ လုပ်သားတွေ အတွက် ကုန်ကျစရိတ်ဟာ အလုပ် ခေါ်ယူတဲ့ ကုမ္ပဏီတွေမှ ပေးအပ်ရမှာ ဖြစ်ပေမယ့် ယခုလက်ရှိမှာ လုပ်သားတွေမှ ပေးအပ်ရမှုများ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှ ရောက်ရှိနေတဲ့ မြန်မာ လုပ်သားတွေ တွေ့ကြုံနေရမှု တွေဟာ ပွဲစားများရဲ့ အမြတ်ယူမှုတွေ အပြင် ကုမ္ပဏီများရဲ့ ခေါင်းပုံဖြတ်မှုနဲ့ လူအခွင့်အရေး ချိုးပေါက်ခံရမှု အချို့ကိုလည်း ကြုံတွေ့ နေရပါတယ်။ ဒါ့ကြောင့်  မြန်မာလုပ်သား တွေဟာ ပြည်ပ နိုင်ငံတွေမှာ သွားရောက် လုပ်ကိုင်ပါက မိမိ သွားရောက်မယ့် နိုင်ငံ ရိုးရာဓလေ့၊ ဘာသာ စကားနဲ့ အလုပ်သမား ဆိုင်ရာ ဥပဒေများ၊ လိုအပ်ပါက ဆက်သွယ် တိုင်ကြား နိုင်မယ့် ဖုန်းနံပါတ်များနဲ့ နေရပ်လိပ်စာ များကို မှတ်သား ထားခြင်းနဲ့ မသွားရောက်ခင် ကတည်းက မိမိ အလုပ်အကိုင် အတွက် လိုအပ်မယ့် ပညာ သင်ကြားမှု တွေကို ကြိုတင် ပြုလုပ်ထား သင့်ကြောင်း သတင်းပေး တင်ဆက် လိုက်ရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့