Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 30 July 2012

အရုပ်များ ပြုပြင်ပြောင်းလဲရန် ရေခဲကမ္ဘာဥယျာဉ်အား ခေတ္တပိတ် ထားမည်



ရန်ကုန်မြို့၊ ကန်တော်ကြီး ဥယျာဉ် အတွင်းမှာ ဖွင့်လှစ် ထားတဲ့ ပျော်ရွှင်စရာ ရေခဲကမ္ဘာ ဥယျာဉ် အတွင်းရှိ အရုပ်တွေကို ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်
သွားဖို့ ရှိတဲ့ အတွက်ကြောင့် ခေတ္တ ပိတ်ထားဖို့ ရှိတယ်လို့ ရေခဲကမ္ဘာ ဥယျာဉ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ပြောင်းလဲ ထုလုပ်ရာ မှာတော့ အဆိုပါ ဥယျာဉ် အတွင်း သဘာဝ အတိုင်း နှင်းကျမှု ပုံစံများ အပြင် ဥယျာဉ် အတွင်းမှာ ကားများနဲ့ လှည့်လည် ကြည့်ရှု နိုင်အောင်ပါ ပြန်လည် ပြုပြင်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ ဥယျာဉ် အတွင်းရှိ ရုပ်ထုတွေဟာ အချိန်ကာလ ကြာမြင့်လာ တာကြောင့် လာရောက် လည်ပတ်သူတွေ အတွက် အသစ်အဆန်း တစ်ခုထပ်မံ ဖြစ်ပေါ်စေဖို့ ရုပ်ထုအသစ် တွေကို ပြောင်းလဲ ထုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြောင်းလဲ ထုလုပ်ဖို့ အတွက် ကိုတော့ တရုတ်နိုင်ငံက ပန်းပု ပညာရှင်များကို ဖိတ်ခေါ် ပြုလုပ်စေမှာ ဖြစ်ပါတယ်။ ဒီလို ပြုပြင်မှုတွေ ပြုလုပ်ဖို့ ပျော်ရွှင်စရာ ရေခဲကမ္ဘာ ဥယျာဉ်ကို သြဂုတ်လ ၁၅ ရက်နေ့ အထိ ဖွင့်လှစ် ထားကာ အဲ့ဒီရက် နောက်ပိုင်း မှာတော့ ခေတ္တ ပိတ်သွားမှာ ဖြစ်ပါတယ်။ ဒီလို ပြုပြင်မှုတွေ ဆောင်ရွက်ပြီး ရင်တော့ အောက်တိုဘာ လဆန်းပိုင်းမှာ ပြန်လည် ဖွင့်လှစ် နိုင်အောင် စီစဉ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့