Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 28 July 2012

ဆီးဂိမ်းပြိုင်ပွဲတွင် ငွေဆောင်ကမ်းခြေ၌ ရွက်လှေစီးပြိုင်ပွဲ ပြုလုပ်မည်



လာမယ့် ၂၀၁၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ ရွက်လှေစီးပြိုင်ပွဲကိုပါ ထည့်သွင်းပြုလုပ်မှာဖြစ်ပြီး အဆိုပါပြိုင်ပွဲကို ငွေဆောင်ကမ်းခြေမှာ
ကျင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အဆိုပါ အားကစားပြိုင်ပွဲတွေကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ ငွေဆောင်ကမ်းခြေတို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီလိုနေရာတွေခွဲ ပြီးကျင်းပရာမှာ ငွေဆောင်ကမ်းခြေအတွင်း ရွက်လှေစီးပြိုင်ပွဲတစ်ခုကိုသာ အဓိကထား ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း အားကစား ၀န်ကြီးဌာနမှ တာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။ အခုလို ငွေဆောင်ကမ်းခြေမှာ ရွက်လှေစီးပြိုင်ပွဲ ကျင်းပရတာက ပင်လယ်လေတိုက်နှုန်းဟာ ပြိုင်ပွဲအတွက် ပိုမိုအထောက်အကူပြုနိုင်တာ ဖြစ်ပါတယ်။

အခုလို ရွက်လှေစီးပြိုင်ပွဲတွေကို ပြည်တွင်းမှာသာမက အခြားနိုင်ငံတွေမှာလည်း ပင်လယ်ပိုင်းတွေမှာသာ အဓိကထား ပြုလုပ်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အားကစားဝန်ကြီးဌာန အနေနဲ့ လာမယ့် ၂၀၁၃ ဆီးဂိမ်းအတွက် ကော်မတီ ၁၃ ခုဖွဲ့စည်းပြီး လုပ်ဆောင်လျက်ရှိကာ အားကစားနည်း ၃၀ ကျော်ကိုလည်း ပြိုင်ပွဲအတွက် စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီလို စီစဉ်ထားတဲ့ အားကစားနည်းတွေအနက် နေပြည်တော်မှာ အားကစားအမျိုးအစား ၂၀ နီပါး ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မှာ အမျိုးအစား ၈ ခု ၀န်းကျင် ယှဉ်ပြိုင်စေဖို့ ရည်ရွယ်ထားပြီး မိန်းကလေး ဘောလုံးပြိုင်ပွဲကိုတော့ မန္တလေးမြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့