Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 26 July 2012

ချစ်သူဘ၀နှင့် အိမ်ထောင်သည်ဘဝ




ချစ်သူဘ၀။ ။ အလကားနေရင်း အကြည့်ချင်းဆုံ၏
အိမ်ထောင်သည်ဘ၀။ ။ အကြည့်ချင်းဆုံလျှင်လည်း အလကားဖြစ်၏ 


ချစ်သူဘ၀။ ။ အလကားနေရင်း ချစ်သူကို တမ်းတ၏ 
အိမ်ထောင်သည်ဘ၀။ ။ ချစ်သူကိုတမ်းတသော်လည်း အလကားဖြစ်၏ 
ချစ်သူဘ၀။ ။ ကလေး ဘယ်နှယောက်ယူလိုက်မည်ဟုစိတ်ကူး၏ 
အိမ်ထောင်သည်ဘ၀။ ။ ကလေးမယူဖြစ်ခဲ့ရင်အကောင်းသားဟု တွေး၏ 
ချစ်သူဘ၀။ ။ ကိုယ်ပိုင်ဆိုင်သမျှ သူ့အားပေးလို၏ 
အိမ်ထောင်သည်ဘ၀။ ။ ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင်တိတ်တိတ်လေးထားလို၏ 
ချစ်သူဘ၀။ ။ မွှန်နေသော်လည်း ကိစ္စမရှိ 
အိမ်ထောင်သည်ဘ၀။ ။ ကိစ္စရှိမှ မွှန်၏ 
ချစ်သူဘ၀။ ။ တစ်ယောက်နှင့်တစ်ယောက် ဖုန်းပြောလျှင် တိုးတိုးလေးပြော၏ 
အိမ်ထောင်သည်ဘ၀။ ။ ဖုန်းထဲမှအော်လိုက်ရသည်ကိုပင်အားမရ 
ချစ်သူဘ၀။ ။ သူ့မွေးနေ့ကို အလွတ်ရ၏ 
အိမ်ထောင်သည်ဘ၀။ ။ ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ 
ချစ်သူဘ၀။ ။ လူတောထဲတွင် လက်ချင်းချိတ်၍သွားလေ့ရှိ၏ 
အိမ်ထောင်သည်ဘ၀။ ။ လူတောထဲတွင် မျက်စောင်းချင်းချိတ်၍သွားလေ့ရှိ၏ 
ချစ်သူဘ၀။ ။ ချစ်သူအကြောင်းသာပြော၏ 
အိမ်ထောင်သည်ဘ၀။ ။ သံသရာမှ လွတ်မြောက်ရာအကြောင်းသာတွေး၏ 
ချစ်သူဘ၀။ ။ ချစ်သူလုပ်သမျှ စိတ်ဝင်စား၏ 
အိမ်ထောင်သည်ဘ၀။ ။ လူပေါင်းမှားခဲ့သည့်အတွက် ရင်ထုမနာဖြစ်၏

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့