Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 24 July 2012

ချစ်တက်ကြပါစေ

♥ လက်ကိုတွဲပြီးနောက် လွယ်လွယ်နဲ့မလွတ်တတ်တဲ့ ... လက်တစ်စုံရှိသလား?
တစ်သက်လုံး မှီထားလည်း လုံခြုံစိတ်ချရတဲ့ ... ပုခုံးတစ်စုံရှိသလား?
တင်းတင်းပွေ့ဖက်ပြီးနောက် ဘယ်တော့မှမခွဲတော့တဲ့ ... အပွေ့အဖက်တစ်ခုရှိသလား?
နောင်ဘဝဆက်တိုင်း ပြန်ဆုံပါရစေဆိုတဲ့ ... ချိန်းဆိုမှုတစ်ခုရှိသလား?
နှလုံးသားမှာ ကမည်းထိုးပြီး တစ်သက်လုံးမမေ့နိုင်တဲ့ ... အချစ်တစ်ခုရှိသလား?
ခွန်အားတွေကုန်ဆုံးသွားလည်း မမေ့ရက်နိုင်တဲ့ ... လူတစ်ယောက်ရှိသလား?

ရှိခဲ့ရင် ဒီဘဝမှာပဲ တန်ဖိုးထားမြတ်နိုးလိုက်ပါ။

♥ပျော်ရွှင်တဲ့လူတွေမှာ နာကျင်ဝမ်းနည်းခြင်းမရှိတာ မဟုတ်ဘူး။
နာကျင်ဝမ်းနည်းခြင်းရဲ့ အထိန်းချုပ်ကို သူတို့မခံတာပါ။ လူ့ဘဝမှာ
နာကျင်ဝမ်းနည်းခြင်းတွေနဲ့ ကြုံရစမြဲပါ။
တကယ်တော့ နာကျင်ဝမ်းနည်းခြင်းက ကြောက်စရာမကောင်းပါဘူး။ ကိုယ့်အတွင်းစိတ်က
ကိုယ့်ကိုသစ္စာဖောက်ပြီး နာကျင်ဝမ်းနည်းခြင်းရဲ့ ကြံရာပါဖြစ်သွားမှာပဲ
ကြောက်ဖို့ကောင်းတာပါ။

♥ စိတ်ခံစားချက်ကို ပြင်ဆင်ပါ။ ပျော်စရာမကောင်းတဲ့ ဖြစ်ရပ်တွေကို မေ့ပစ်ပါ။
သီချင်းလေးနားထောင်ပါ။ ရှုခင်းတွေကို ခံစားပါ။ ပြောနိုင်တဲ့စကားကို ပြောပါ။
လုပ်စရာရှိတဲ့အလုပ်ကို လုပ်ပါ။ လျှောက်သင့်တဲ့လမ်းကို လျှောက်ပါ။
ပျော်ရွှင်ခြင်းတွေကို ဝမ်းနည်းခြင်းနဲ့ လဲယူမယ့်အစား ဝမ်းနည်းခြင်းတွေကို
ပျော်ရွှင်ခြင်းနဲ့ လဲယူလိုက်ပါ။

♥ သင့်ကို ဘာကြောင့်ထိခိုက်စေခဲ့သလဲလို့ အချစ်ကို သင်အပြစ်ဆိုခဲ့ရင် ....
မေးပါရစေ.... စစချင်းမှာ အချစ်ရောက်ရှိလာဖို့ကို သင်ခေါင်းညိတ် လက်ခံခဲ့တယ်
မဟုတ်လား!

♥ ရင့်ကျက်တယ်ဆိုတာ စိတ်အိုသွားတာမဟုတ်ဘူး။ ရင့်ကျက်တယ်ဆိုတာ ငိုချင်သည့်တိုင်
အပြုံးကို ထိန်းထားနိုင်တာဖြစ်တယ်။

♥ တစ်ယောက်ထဲနေတဲ့အခါ ....
နှစ်ယောက်အကြောင်း မစဉ်းစားနဲ့.. အမှတ်တရကို တစ်နေရာမှာ ချထားလိုက်ပါ။

တစ်ယောက်ထဲနေတဲ့အခါ
ပျော်စရာအကြောင်းပဲ စဉ်းစားပါ... စိတ်ညစ်စရာတွေ ခေါင်းထဲထုတ်ထားလိုက်ပါ။

တစ်ယောက်ထဲနေတဲ့အခါ ......
ခံစားချက်ကို လွတ်လပ်ခွင့်ပေးလိုက်ပါ... ရင်ခွင်တံခါးကို ဆွဲဖွင့်ပါ...
ခွန်အားအသစ်တွေ ထပ်ဝင်ရောက်ပါစေ။

♥ နေရောင်နဲ့တူတဲ့(လင်းလက်တဲ့)လူ
နဲ့ အတူနေရင် စိတ် မမှောင်မိုက်တော့ဘူး။
ပျော်ရွှင်တဲ့လူနဲ့ အတူနေရင် ပါးစပ်ဖျားမှာ အပြုံးအမြဲချိတ်ထားနိုင်တယ်။
ရှေ့ကိုရဲရဲတိုးရဲတဲ့လူနဲ့ အတူနေရင် လှုပ်ရှားမှုတွေ နောက်မကျတော့ဘူး။
သဘောထားကြီးသူနဲ့ အတူနေရင် ဘာလုပ်လုပ် မတွန့်တိုတော့ဘူး။
အမြော်အမြင်ရှိသူနဲ့ အတူနေရင် အလုပ်လုပ်တဲ့အခါ ဇဝေဇဝါမဖြစ်တော့ဘူး။
တည်ငြိမ်တဲ့လူနဲ့ အတူနေရင် အလုပ်လုပ်တဲ့အခါ အလောမကြီးတော့ဘူး။
အသိပညာလမ်းညွှန်ပြသူနဲ့ အတူနေရင် ဗဟုသုတ၊ စိတ်ဓာတ်တွေ တိုးတက်ကောင်းမွန်တယ်။
သူတစ်ပါးရဲ့အကောင်းဆုံးကို သင်ယူပြီး အကောင်းဆုံးကိုယ် လုပ်ပါ။

♥ လူတစ်ယောက်မှာ နှလုံးသားတစ်ခုပဲရှိတယ်။ အဲဒီနှလုံးသားမှာ
အခန်းနှစ်ခန်းရှိတယ်။
တစ်ခန်းမှာ ပျော်ရွှင်ခြင်းနေတယ်။ နောက်တစ်ခန်းမှာ ဝမ်းနည်းခြင်းနေတယ်။
အရမ်းပျော်တဲ့အချိန်မှာ တအားမအော်ရယ်လိုက်ပါနဲ့...
သင့်ရယ်သံကြောင့် ဘေးခန်းက ဝမ်းနည်းခြင်းနိုးသွားလိမ့်မယ်။
အရမ်းဝမ်းနည်းရင်တော့ အသံထွက်အောင်ငိုပြီး ဘေးခန်းက
ပျော်ရွှင်ခြင်းကိုနှိုးလိုက်ပါ။

♥ အချစ်ကိုပိုင်ဆိုင်ထားချိန်မှာ အနာတရမဖြစ်ဖို့ သင်ဘယ်လို ငြင်းဆန်နိုင်မလဲ?
မြားနတ်မောင်ပစ်လိုက်တာက မြားပါ .. နှင်းဆီပန်းမဟုတ်ဘူးဆိုတာကိုတော့ မမေ့ပါနဲ့။

♥ တချို့ကိစ္စ.......ကျွန်မတို့ နားမလည်နိုင်ခဲ့ဘူး။
တချို့လူ .........ကျွန်မတို့ မခန့်မှန်းတတ်ခဲ့ဘူး။
တချို့ခုတုံး....... ကျွန်မတို့ မကျော်ဖြတ်နိုင်ခဲ့ဘူး။
တချို့ဒဏ်ရာ.......... ကျွန်မတို့ ကုသမပျောက်နိုင်ခဲ့ဘူး။
တချို့နာကျင်မှု ...... ကျွန်မတို့ ခံနိုင်ရည်မရှိခဲ့ဘူး။
တချို့ခံစားချက်....... ကျွန်မတို့ ဖွင့်ပြောပြမတတ်ခဲ့ဘူး။
တချို့အချစ်......... ကျွန်မတို့ ဘယ်တော့မှ မရနိုင်ခဲ့ဘူး။
တချို့စိတ်ကူး.....လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့ဘူး။ 
တချို့ပိုင်ဆိုင်မှု....... ကျွန်မတို့ တန်ဖိုးမထားတတ်ခဲ့ကြဘူး။ 

တချို့အပြုံးအရယ်က ကိုယ့်ကိုယ်ကို နာကျင်ထိခိုက်စေပြီးမှ ရလာတဲ့ ရလဒ်ဖြစ်တယ်။

♥ ခွင့်လွှတ်ခြင်းဆိုတာ သူတစ်ပါးကို လက်ဆောင်ပေးဖို့
အကောင်းဆုံးလက်ဆောင်ဖြစ်တယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့