Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 28 July 2012

မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် IMF မှ အထွေထွေအကြံပေး အရာရှိတစ်ဦး လာရောက်တာဝန် ထမ်းဆောင်မည်



မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF မှ
အထွေထွေ အကြံပေးအရာရှိ Mr. Masaru Tanaka ဇူလိုင်လ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံသို့ ရောက်ရှိမှာဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ တာဝန်ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို မြန်မာနိုင်ငံဗဟိုဘဏ်မှာ လာရောက်တာဝန်ထမ်းဆောင်မယ့် Mr. Masaru Tanaka ဟာ မြန်မာနိုင်ငံဆိုင်ရာ ငွေကြေးကိစ္စတွေကို အကြံပေးမှုများ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအစိုးရသစ် လက်ထက်မှာ IMF အနေနဲ့ မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းဆိုင်ရာ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု သင်တန်းတွေနဲ့ လိုအပ်တဲ့ အကူအညီတွေကိုလည်း လာရောက်ပို့ချ ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယခုနေ့စဉ်ထုတ်ပြန်လျက်ရှိတဲ့ နိုင်ငံငွေလဲလှယ်နှုန်းများ သတ်မှတ်ပေးနိုင်ဖို့ အတွက်ကိုလည်း IMF မှ ငွေကြေးတွက်ချက်မှုဆိုင်ရာ Formula များ ကူညီဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။
အခုလိုမျိုး IMF မှ အထွေထွေအကြံပေး အရာရှိဟာ မြန်မာနိုင်ငံသို့ လာရောက်တာဝန် ထမ်းဆောင်တာဟာ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့