ယခုလက်ရှိ ဆိုက်ရောက် ဗီဇာကို နိုင်ငံပေါင်း ၂၆ နိုင်ငံသာ ခွင့်ပြုထား ပေမယ့် နောက်ထပ် ပြည်ပနိုင်ငံ ၂၂ နိုင်ငံကို ဆိုက်ရောက် ဗီဇာ ထပ်မံ ထုတ်ပေးဖို့
စီစဉ်ဆွေးနွေး လျက်ရှိတယ်လို့ နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန လက်အောက်ရှိ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို ဆိုက်ရောက် ဗီဇာကို တိုးပြီး ထုတ်ပေး သွားမယ့် နိုင်ငံများ ကတော့ ဥရောပ နိုင်ငံများ ဖြစ်တဲ့ နယ်သာလန်၊ ဖင်လန်၊ ပေါ်တူဂီ၊ ရုရှား၊ တူရကီ၊ ယူကရိန်း၊ ဒိန်းမတ် အစရှိတဲ့ နိုင်ငံများနဲ့ လက်တင် အမေရိက နိုင်ငံများ ဖြစ်တဲ့ ဘရာဇီး၊ မက္ကဆီကို၊ ကိုလံဘီယာ အပါအ၀င် နိုင်ငံပေါင်း ၂၂ နိုင်ငံတို့ ဖြစ်ပါတယ်။
အဆိုပါ နိုင်ငံများကို ဆိုက်ရောက် ဗီဇာ ထုတ်ပေးဖို့ စီစဉ်ဆွေးနွေး ထားပေမယ့် အဲ့ဒီနိုင်ငံ တွေသို့ မြန်မာနိုင်ငံသားတွေ သွားရောက် တဲ့အခါ ပြန်လည် ကူညီပေးဖို့ကို တောင်းဆို ထားတယ်လို့ သိရပါတယ်။ ယခုလက်ရှိ ဆိုက်ရောက် ဗီဇာကို ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်နဲ့ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ ထုတ်ပေးလျက် ရှိနေပါတယ်။

No comments:
Post a Comment