၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွင်း ဧပြီလမှ အောက်တိုဘာလ နောက်ဆုံး ပတ်ထိ ဆန်တန်ချိန် ခြောက်သိန်း ရှစ်သောင်း ရှစ်ထောင့် လေးဆယ့် ခုနှစ်တန်
တင်ပို့ခဲ့ပြီး ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ဆန်တန်ချိန် ၇ သိန်းနီးပါး အတွက် ကာလပေါက် တန်ကြေးဟာ အမေရိကန် ဒေါ်လာ ၂၆၇.၁၉၂ သန်း ရှိနေတာ ဖြစ်ပါတယ်။
ဒီလို တင်ပို့ရာမှာ ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် မှာတော့ ဆန်တန်ချိန် ၄ သိန်းကျော်သာ တင်ပို့နိုင် ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆန်ကွဲ တင်ပို့မှု အနေနဲ့လည်း လက်ရှိ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွက် ဆန်ကွဲ တန်ချိန် ၆၈၆၇၇ တန်ကို့ တင်ပို့ခဲ့ပြီး တန်ကြေး အားဖြင့် အမေရိကန် ဒေါ်လာ ၂၀.၇၀၄ သန်း ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွက် ဆန်ကွဲ တန်ချိန် ငါးသောင်း သုံးထောင့် တစ်ရာ့ခြောက်တန်ကို တင်ပို့ခဲ့တာဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၆.၀၄၉ သန်း ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဆန်နဲ့ ဆန်ကွဲ တင်ပို့ရာ မှာတော့ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံ တွေကို နယ်စပ် ကုန်သွယ်မှု ကနေ တဆင့် အများဆုံး တင်ပို့နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ အိုင်ဗရီကို့စ် အစရှိတဲ့ နိုင်ငံတွေကို တင်ပို့မှု ရှိနေတယ်လို့ သိရပါတယ်။

No comments:
Post a Comment