၂၀၁၂ ခုနှစ်၊ ပညာသင်နှစ်မှာ စတင် သင်ကြားမယ့် ၀ိဇ္ဇာဘွဲ့ ခရီးသွား လုပ်ငန်း ဘာသာ ရပ်အတွက် သင်ရိုးညွှန်းတမ်းများ၊ သင်တန်း အချိန်ဇယား၊
သင်ကြားမယ့် ဘာသာရပ် များနဲ့ စပ်လျဉ်းပြီး ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိ ပုဂ်္ဂိုလ်များနဲ့ ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုဟ်များ ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေး ခဲ့ရာမှာ ခရီးသွား လုပ်ငန်း ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ ကောင်းစွာ နားလည် တတ်ကျွမ်း စေဖို့ ရည်ရွယ်ပြီး နှစ်အလိုက် သင်ကြားသင့်တဲ့ ဘာသာရပ်များနဲ့ သင်ခန်းစာ များကို အဓိက ဘာသာတွဲ၊ စိတ်ကြိုက် ဘာသာတွဲများ ခွဲခြားပြီး သင်ကြား သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
သင်ကြားရာ မှာလည်း ပထမ နှစ်ဝက်နဲ့ ဒုတိယ နှစ်ဝက် ပိုင်းခြားကာ သင်ကြား ရာမှာဖြစ်ပြီး လေးနှစ်တာ တက်ရောက် ရမယ်လို့ သိရပါတယ်။ သင်ကြားမယ့် ဘာသာရပ်နဲ့ သင်ခန်းစာ များမှာလည်း Tourism Manaement နဲ့ဆိုင်တဲ့ သင်ရိုး ညွှန်းတမ်းများနဲ့ အခြေခံ ပညာရေး သင်ရိုးညွှန်းတမ်းများ ပေါင်းစပ်ကာ စာတွေ့နဲ့ လက်တွေ့ သာမက လုပ်ငန်းခွင် လေ့လာမှု အစီအစဉ်များပါ စီစဉ် ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။ အဆိုပါ ခရီးသွား လုပ်ငန်း ဘာသာရပ်ကို ဒီဇင်ဘာလမှာ စတင် ဖွင့်လှစ် သင်ကြား ပေးသွားမှာ ဖြစ်ပြီး ဗိုလ်တထောင် မြို့နယ်ရှိ အမျိုးသား စီမံခန့်ခွဲမှု ပညာ ကောလိပ်မှာ တက်ရောက် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment