ပြည်တွင်းကို ပြည်ပ နိုင်ငံများမှ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များစွာ လာရောက် ဆောင်ရွက်မှုများ ရှိရာမှာ လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့ မှာတော့
စင်္ကာပူ နိုင်ငံမှ လုပ်ငန်းရှင် များက ပြည်တွင်းက လုပ်ငန်းရှင်များနဲ့ စီးပွားရေး တွေ့ဆုံမှုများ ဆောင်ရွက် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ တွေ့ဆုံပွဲကို စင်္ကာပူနိုင်ငံ စင်္ကာပူ ဘစ်ဇနက် ဖက်ဒရေးရှင်း SBF မှ စီအီးအို ကိုယ်တိုင် ဦးဆောင်ပြီး ပြည်တွင်းရှိ လုပ်ငန်းရှင်များနဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက် နိုင်ရေး လာရောက် တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဒီလို တွေ့ဆုံရာ မှာတော့ ဆိပ်ကမ်းပိုင်း ဆိုင်ရာ လုပ်ငန်းများ၊ စွမ်းအင် ကဏ္ဍ၊ ဇီဝနည်းပညာများ အပြင် ပညာရေးနဲ့ ဘဏ်လုပ်ငန်း ဆိုင်ရာ လုပ်ငန်းရှင်များပါ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စင်္ကာပူ နိုင်ငံရှိ Petroliun and LPG Retial Station Oil Trading & Property Investment မှ လုပ်ငန်းရှင်များပါ လာရောက် တွေ့ဆုံမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှ လုပ်ငန်းရှင်များ အနေနဲ့လည်း အဆိုပါ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု ရှိခဲ့ပါက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ရုံးဖုန်းသို့ ဆက်သွယ်ပြီး စာရင်းပေးသွင်း နိုင်တယ်လို့ သတင်း ရရှိပါတယ်။

No comments:
Post a Comment