Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 3 November 2012

ဦးချစ်မောင်လမ်းနှင့် ဆရာစံလမ်း တို့အား လမ်းသား တိုးချဲ့ ဆောက်လုပ်လျက်ရှိ


ရွှေဂုံတိုင် ဂုံးကျော် တံတား ဆောက်လုပ်ဖို့ အတွက် ဗဟန်း မြို့နယ်ရှိ ဦးချစ်မောင်လမ်းနဲ့ ဆရာစံလမ်း ၂ လမ်းကို လမ်းသား တိုးချဲ့ ဆောက်လုပ် နေတယ်လို့
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းနှင့် တံတား ဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို လမ်းသား တိုးချဲ့ရာမှာ ဦးချစ်မောင် လမ်းနဲ့ ဆရာစံ လမ်းကို ရသလောက် တိုးချဲ့ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို လမ်းသား ချဲ့ရတာဟာ ရွှေဂုံတိုင် ဂုံးကျော် တံတား ဆောက်လုပ်တဲ့ အခါ ယာဉ်ကြော ကြပ်မှု၊ ယာဉ်ကြော ပိတ်ဆို့မှု မရှိစေဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

အခုလက်ရှိ ရွှေဂုံတိုင် ခုံးကျော် တံတား ဆောက်လုပ်ဖို့ အတွက် ဒုတိယအကြိမ် မြေသား စမ်းသပ် တိုင်းထွာမှုများ ပြုလုပ်နေ တယ်လို့ သိရပါတယ်။ အခုအချိန်မှာ လှည်းတန်း ခုံးကျော် တံတား၊ ဘုရင့်နောင် ခုံးကျော် တံတားများ ကလည်း ဆောက်လုပ် လျက်ရှိပြီး ရွှေဂုံတိုင် ခုံးကျော်တံတားကို ထပ်မံ ဆောက်လုပ်ပါက ရန်ကုန် မြို့အချက်အချာ ကြတဲ့ နေရာများမှာ ယာဉ်ကြော ကြပ်မှု၊ ပိတ်ဆို့မှုတွေ မဖြစ်ပေါ်စေဖို့ အတွက် အခုလို လမ်းသား တိုးချဲ့တာ ဖြစ်တယ်လို့ သတင်း ရရှိ ပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့