လွှတ်တော် ဂျာနယ် အမှတ် ၅ ကို နိုဝင်ဘာလ ၂ ရက်နေ့က ဖြန့်ချိ လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လွှတ်တော် ဂျာနယ် အမှတ် ၅ မှာတော့
စာမျက်နှာ ၃၂ မျက်နှာပါ ရှိတာပဲ ဖြစ်ပါတယ်။ အဲ့ဒီဂျာနယ် မှာတော့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး စတင် ကျင်းပခြင်း သတင်းများ အပြင် စောလှထွန်း ချောင်းဦးရဲ့ ဒီမိုကရေစီ ကွန်ဂရက် ခရီးစဉ် ဆောင်းပါးပါ ပါရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကာတွန်း ကဏ္ဍ၊ ကဗျာ ကဏ္ဍနဲ့ ကျန်းမာရေး ကဏ္ဍများပါ ထည့်သွင်း ဖော်ပြထား တယ်လို့ သတင်း ရရှိပါတယ်။

No comments:
Post a Comment