Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 24 November 2012

Sea Game အမီ ၁၅ ဒေါ်လာတန် တန်ဖိုးနည်း 3G Sim Card များ ထွက်ရှိသွားမည်


တန်ဖိုးနည်း 3G Sim Card များကို လာမယ့် ၂၀၁၃ ခုနှစ် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအမီ ထွက်ရှိ သွားမှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး
လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ တန်ဖိုးနည်း 3G Sim Card များရဲ့ တန်ဖိုး ကိုတော့ ၁၅ ဒေါ်လာနဲ့ သတ်မှတ် ရောင်းချဖို့ အတွက် ယခု လက်ရှိမှာ ရည်ရွယ် ထားတာ ဖြစ်ပါတယ်။ ဒီလို ရောင်းချရာမှာ  ၅ ဒေါ်လာကို Sim Card တန်ဖိုး သတ်မှတ်ထားပြီး၊ ၁၀ ဒေါ်လာ ကိုတော့ ဖုန်းပြောဆိုနိုင်ရန်  ငွေဖြည့်ကဒ် အဖြစ် သတ်မှတ် ထားတာ ဖြစ်ပါတယ်။

အဆိုပါ Sim Card တွေဟာ သက်တမ်း ၃ လ အသုံးပြုလို့ ရမှာ ဖြစ်ပြီး ၁၀ ဒေါ်လာတန် ငွေဖြည့်ကဒ်ကို အဆိုပါ ကာလ အတွင်း ဖြည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ တန်ဖိုးနည်း ဖုန်းတွေ ကိုတော့ ပြည်တွင်း နေထိုင်သူများ အတွက် ဦးစားပေး ရောင်းချမှာ မဟုတ်ဘဲ Sea Game ကာလ ပြည်ပက လာရောက်ကြမယ့် ဧည့်သည်များ အတွက် ဦးစားပေး ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ Sim Card များကိုတော့ လေဆိပ် ကောင်တာများ၊ Sea Game ကျင်းပရာ နေရာများ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ငွေဆောင် အစရှိတဲ့ နေရာများနဲ့ အားကစား ရွာများ အစရှိတဲ့ နေရာတွေမှာ ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်သူတွေ အတွက် တန်ဖိုးနည်း ဖုန်းများကို လာမယ့်နှစ် အတွင်းမှာ ထပ်မံ ရောင်းချမှုများ ပြုလုပ် သွားမှာ ဖြစ်တယ် လို့လည်း သတင်း ရရှိပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့