စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ရဲ့ နယ်စပ် ကုန်သွယ်မှု
တွေဟာ ပုံမှန် အတိုင်း ဆောင်ရွက် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ရဲ့ နယ်စပ် ကုန်သွယ်မှု တွေဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွား လျက်ရှိတဲ့ ပဋိပက္ခ ကိစ္စရပ် တွေကြောင့် ယခုနှစ် ဇွန်လ လောက်က စတင်ကာလပိုင်း ၀န်းကျင် ကုန်သွယ်မှုများ ရပ်ဆိုင်းခဲ့ပြီး ယခုအခါ မှာတော့ ပုံမှန် အတိုင်း ဆောင်ရွက် နေတာ ဖြစ်ပါတယ်။
ယခုလက်ရှိမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက မြန်မာနိုင်ငံမှ ဆားတန်ချိန် တစ်သောင်း ၀ယ်ယူထားကာ ဆားများ တင်ပို့လျက်ရှိပြီး၊ ရေထွက် ပစ္စည်းများ၊ ပဲ၊ ငရုတ် စတဲ့ ကုန်ပစ္စည်းတွေ ကိုလည်း အပြန်အလှန် တင်ပို့လျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် စီးပွားကူးသန်း ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မြန်မာနိုင်ငံက ပဲတန်ချိန် ၅၀၀ ခန့် ထပ်မံဝယ်ယူ ဖို့ကိုလည်း ကမ်းလှမ်း ထားပြီး နှစ်ဘက် တာဝန်ရှိသူများ ညှိနှိုင်းလျက် ရှိတယ် လို့လည်း သတင်း ရရှိပါတယ်။

No comments:
Post a Comment