ပုံနှိပ်ပြီး နောက်ပိုင်း လုပ်ငန်းများ ဆောင်ရွက်ဖို့ အတွက် ပုံနှိပ် လုပ်ငန်းရှင်များ စုပေါင်းကာ ကုမ္ပဏီကြီး တစ်ခု လုပ်ဆောင် သွားဖို့ စီစဉ်လျက် ရှိတယ်လို့
ပုံနှိပ်နှင့် ဆက်စပ် လုပ်ငန်းများ ဖွံ့ ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲမှ သိရပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ အဆိုပါ ကုမ္ပဏီ အတွက် ရှယ်ယာများ ရောင်းချခြင်း တွေကိုလည်း ပြုလုပ် သွားဖို့ စီစဉ်ထားပြီး ပုံနှိပ် လုပ်ငန်းမှာ လိုအပ်ပြီး အသုံးမပြုနိုင်တဲ့ စက်ပစ္စည်းများ၊ ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်နိုင်တဲ့ အပိုင်းတွေမှာ နည်းပညာသစ်၊ စက်သစ်များနဲ့ လုပ်ကိုင်နိုင် ဖို့လည်း စီစဉ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက် လာပါက အဆင့်မြင့်တဲ့ ပစ္စည်း ကိရိယာ တွေကို အသုံးမပြု နိုင်ပါက ပြည်တွင်း လုပ်ငန်းရှင်များ အနေနဲ့ ဆက်လက် ရပ်တည် နိုင်ဖို့ လွယ်ကူမှာ မဟုတ်ဘူး လို့လည်း အဆိုပါ ပွဲမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒါ့ကြောင့် ပြည်တွင်း လုပ်ငန်းရှင်များ အနေနဲ့ ပူးပေါင်းကာ ပုံနှိပ်ပြီး လုပ်ငန်းများ အတွက် ကုမ္ပဏီကြီး တစ်ခု တည်ထောင်ကာ နိုင်ငံတကာ အဆင့်မီ ကုန်ချောများ ရရှိစေဖို့ ယခုလို ဆွေးနွေး ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment