Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 23 April 2013

မြတ်ဗုဒ္ဓ၏သစ္စာဓမ္မဖြင့် လောကငြိမ်းချမ်းရေးကို တည်ဆောက်နေသူ ”


“ ဂေါတမမြတ်ဗုဒ္ဓတွေ့ရှိသိမြင်သည့် သစ္စာတရားတို့သည်
မည်သည့်ဘာသာ၊ မည်သည့်လူမျိုး၊ မည်သည့်အယူရှိသူတို့၏ ပုဂ္ဂလိကပိုင်ပစ္စည်းမဟုတ်သဖြင့် - ငါ နှင့်ငါ့ဥစ္စုာဟု
မသတ်မှတ်စကောင်း။

ထိုမဖောက်မပြန်သော သဘာဝတရားသစ္စာဓမ္မကိုသိမြင်ကြောင်း
အကျင့်ကို ကျင့်သုံးသူမည်သူမဆို၊ ကျင့်သုံးသည့်အတိုင်း သိမြင်
ရရှိနိုင်သဖြင့်ကမ္ဘာပေါ်ရှိ ဘယ်ဘာသာဝင်မဆို၊ ဘယ်လူမျိုးမဆို
ကျင့်သုံးနိုင်သည့်အပြင် ကျင့်သုံးသည့်အတွက်လည်း ဘယ်
ဘာသာဝင်ပါဆိုပြီး ခေါ်ယူသတ်မှတ်ခွင့်မရှိပါ။

ကျင့်သုံးခြင်းအကျိုးတရားကိုတွေ့ရှိခံစားကြရသူတို့သည်
သဘာဝတရားတို့၏အမှန်သစ္စာတရားကို မြတ်နိုးခြင်းသာ
ဖြစ်စေပြီး၊ အတွင်းစိတ်သဏ္ဍန်တွင် တကယ်ငြိမ်းချမ်းမှု
(သန္တိသုခ)ကို ရရှိနိုင်ကြမည်သာဖြစ်သည်။ ထိုငြိမ်းချမ်းမှုကို
ရောက်အောင်လမ်းပြပေးသော မြတ်ဗုဒ္ဓကို သစ္စာတရားနှင်
့ငြိမ်းချမ်းခြင်းကို တွေ့ရှိပိုင်ဆိုင်သူတိုင်း ကျေးဇူးတင်၊ မြတ်နိုး
ကြည်ညိုကြသည်မှာ မထူးဆန်းတော့ပါ။

ထိုသို့သော လောကဓမ္မသစ္စာတရားကိုရရှိစေသည့် ၀ိပဿနာ
အကျင့်မြတ်ကြီးကို ကမ္ဘာတစ်ဝှမ်းသို့နည်းမှန်၊ လမ်းမှန်ဖြင့်
ညွှန်ကြားပြသသင်ပြပေးနေသည် ကမ္ဘာ့ဝိပဿနာနည်းပြ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့