Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 17 April 2013

ဝေးဝေးက..လွမ်း


ချစ်သူရေ
ချစ်ကံကြမ္မာအကျိုးပေးဆိုးလှသူမို့
သူမကြင်နာစိမ်းရက်ပေမဲ့
ကြွေလုအသဲလေးနဲ့ ဒီရင်မှာတော့
ဘယ်အရာကိုမဆို ခွင့်လွှတ်ရင်းနဲ့
နားလည်မှု့တွေ ပေးခဲ့ပါတယ်
ချစ်သူပျော်ရင် ကိုယ်ကြည်နူး
ချစ်သူပြုံးရင် ကိုယ်ချမ်းမြေ့ပြီး
ချစ်သူငိုတော့ ကိုယ်ချော့မျူကာ
ချစ်သူအပေါ်မှာ တွယ်တာလွန်းခဲ့တဲ့ကိုယ်ကိုမှ
ချစ်သူမစာနာကာ အမြဲတမ်း
နာကျင်မှု့တွေ ပေးတက်တယ်နော်
အချစ်ဆိုတာ ချစ်သူအတွက်
ဘာမှအရေးမကြီးသလို
ကိုယ်ကလဲ ချစ်သူအတွက်
ဘာမှအရေးမပါတော့ဘူးလား ချစ်သူရယ်..
ကိုယ့်အတွက်ကတော့
ချစ်သူမသိတဲ့ ချစ်သူရဲ့နောက်ကွယ်မှာ
တိတ်တစိတ်မျက်ရည်ကျရင်း
ချစ်သူရဲ့ကြင်နာမြတ်နိုးမှု့လေးတွေကို
မျှော်လင့်တမ်းတကာ ဝေးဝေးကပဲလွမ်းနေရတော့မယ်ချစ်သူရယ်.....။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့