Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 24 April 2013

မင်းမဲ့ဆန်သော မှုခင်းများ နှိမ်နင်းရေး လွှတ်တော်သို့ တင်မည်

ရန်ကုန်၊ ဧပြီ ၂၃

လက်ရှိ ပေါ်ပေါက်နေသော မင်းမဲ့စရိုက် ဆန်ဆန်မှုခင်းများနှင့်ပတ်သက်၍ ဥပဒေတစ်ရပ် ခိုင်ခိုင်မာမာဖြစ်ရန် လာမည့်လွှတ်တော်တွင် တင် ပြေ ဆွးနွေးသွားရန်ရှိကြောင်း ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

 ”ပေါ်ပေါက်နေတဲ့ မှုခင်းဖြစ်စဉ်တွေကို လေ့လာပြီး ဥပဒေကြမ်းတစ်ခုကိုပြင်ဆင်ဖို့ စဉ်း စားထားတာရှိတယ်”ဟု ဦးသိန်းညွန့်ကပြောသည်။ အစိုး ရသစ်တက်ပြီးနောက်ပိုင်းတွင် ရန် ကုန်မြို့၌ အုပ်စုဖွဲ့ရမ်းကားမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါအမှုများကို ကျူးလွန်သူများမှာ လက်ရှိ အာဏာရထားေ သာ အရာရှိများ၏သားသမီးများ နှင့် တစ်ချိန်ကအာဏာရခဲ့သည့် အငြိမ်းစားများ ၏သားသမီးများ ဖြစ်နေပြီး ညပိုင်းတွင်ပြုလုပ် သော ၄င်းတို့၏ အပန်းဖြေကားမောင်းပြိုင်ပွဲများ သည်လည်း သာမန်လူများကို ထိခိုက် သည်အထိ ဖြစ်လာနေသည်ဟု ဦးသိန်း ညွန့်က ပြောသည်။

”အထူးသဖြင့် ကျွန်တော်တို့တိုင်းပြည်မှာ က အာဏာရှိတဲ့သူတွေနဲ့ သြဇာရှိတဲ့သူတွေရဲ့ အသိုင်းအဝိုင်းက ပြစ်မှုကျူးလွန်ရင် တိုင်ချက် တောင်မှ မဖွင့်ရဲ ဘဲ၊ တရားတောင်မှ မစွဲရဲဘဲ။ ဒါဟာ တိုင်းပြည် တရားဥပဒေစိုးမိုးရေးအတွက် အင်မတန်မှရုပ်ဆိုးတဲ့မြင်ကွင်းတွေပဲ”ဟု ၄င်းက ပြောသည်။

 တရားလွှ တ်တော်ရှေ့နေ ဦးကိုနီ ကလည်း တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အရေးယူ သည့်အဖွဲ့အစည်းသည်လည်း အဓိကကျကြောင်း၊ လူတစ် ဦးကို အရေးယူတော့မည်ဆိုပါက မည် သည့်ပုဒ်မနှင့်အရေးယူမည်ကို ဦးစွာ စဉ်းစားရ မည်ဖြစ်ပြီးထိထိရောက်ရောက် အရေးယူမည်ဆို ပါက ကျူးလွန် သူ၏ မျက်နှာကိုမကြည့်ဘဲ သူတို့ ၏လုပ်ရပ်ကိုသာကြည့်၍ အရေးယူရမည်ဖြစ် ကြောင်း ပြောသည်။ ”ဘာအကြောင်းမှမရှိဘဲ သက်သက်မဲ့လုပ် တာဆိုရင် ဒါတိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင်လုပ်တာပဲ။ အဲဒီတော့  ဘယ်သူ့ သားသမီးဆိုတာ မကြည့်နဲ့။ ဘယ်သူ့သားသမီး ဆိုတာ ကြည့်လိုက်ရင် ပုဒ်မက သေးသွားတာပဲ” ဟု ဦးကိုနီက ပြောသည်။

သာမန်နာကျင်စေမှု ပုဒ်မ-၃၂၃၊ လက်နက် နှင့် နာကျင်စေမှု ပုဒ်မ-၃၂၄၊ အပြင်းအထန် နာ ကျင်စေမှု ပုဒ်မ ၃၂၅ တို့သည် အာမခံပေးခွင့် ရှိသောအမှုများ ဖြစ်ပြီး ထက်မြသည့် လက်နက်တစ်ခုခု ဖြင့် အပြင်းအထန်နာ ကျင်စေမှု ပုဒ်မ ၃၂၆ သည်အာမခံပေးခွင့်မရှိသော အမှု ဖြစ်ကြောင်း၊ သို့သော်ကျူးလွန်သူသည် ဖျားနာ နေခြင်း၊ အမျိုးသမီးဖြစ်ခြင်း စသည်တို့ပေါ် မူတည်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၈ အရ အာမခံပေးနိုင်ကြောင်း သိရသည်။

မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကားမှု များသည် အများပြည်သူ   အေးချမ်းသာယာရေးကို အနှောင့်အယှက်ဖြစ်ပါက အရေးပေါ်စီမံမှုဥပဒေ ပုဒ်မ ၅(ည)ဖြင့် စွဲနိုင်ကြောင်း ၄င်းက ပြောသည်။ ”၂ဝ၁ဝ လောက်အ ထိ နိုင်ငံရေးလုပ်ရင် စကားတစ်ခုပြောလိုက်လို့ မှားတယ်ဆိုရင် ၅(ည)နဲ့ အရေးယူ လိုက် တယ်။ အရေးယူချင်တဲ့ကိစ္စဆို ပုဒ်မ လေးငါးခြောက်ခုနဲ့ အရေးယူခဲ့တာတွေ ရှိတာပဲ။ ဆိုလိုတာက တရားစွဲတဲ့အဖွဲ့ အစည်း၊အုပ်ချုပ်တဲ့အာဏာပိုင်တွေက ဒီပြဿနာကိုမလို လားဘူး၊ မဖြစ်စေချင်ဘူးဆို ရင် ထိရောက်တဲ့ ပုဒ်မ၊ ထိုက်တန်တဲ့ပုဒ်မနဲ့ အရေးယူ၊ တရားရုံး ကလည်း ထိထိရောက်ရောက် အပြစ်ပေး၊ အဲဒီ လိုလုပ်ရင် ဒါတွေလျော့ပါးသွားမှာ ပဲ” ဟု ဦးကိုနီ က ပြောသည်။

 လိုအပ်ပါကအဆိုပါအမှုများအ တွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းသင့်ကြောင်းလည်း အထက်ပါပုဂ္ဂိုလ်များက ပြောသည်။

”လက်ရှိ တည်ဆဲဥပဒေတွေက သိပ်ပြီး တော့ ကြာနေပြီ။ သိပ်ကြာ မြင့်တဲ့ကာလက ပြဋ္ဌာန်းထားတာဆိုတော့ အရာရာကို ခြုံငုံမိ အောင်တော့မရှိ ဘူး။ ကျိုးကြောင်းခိုင်လုံမှု မရှိဘဲ အုပ်စုဖွဲ့ရမ်းကားတာတို့၊ ကားမှန်ဖျက်ဆီးတာတို့၊ လူတွေကိုလိုက်ရိုက်တာတို့နဲ့ပတ်သက်ပြီး သီး သန့်ဥပဒေမရှိ ဘူး။ ဥပဒေတစ်ခု ပြဋ္ဌာန်းသင့် တယ်” ဟု တရားလွှတ်တော်ရှေ့နေဦးကိုနီက ပြောကြားခဲ့သည်။

ယခင်လအတွင်းက ပြည်သူ့ရင်ပြင် Happy Zone အပန်းဖြေကစားကွင်းတွင် လူငယ်တစ်စု က အသက် ၃ဝ ကျော်အရွယ် အမျိုးသားတစ်ဦးကို ရန်စ ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး ယခုလ ၁၁ ရက်နေ့ တွင်လည်း အရာရှိကြီးအချို့၏သားများ ပါဝင် သည့်လူငယ်တစ်စုက ကင်ဒိုဓားနှင့် သံပိုက်လုံး များဖြင့် ရုပ်ရှင်သရုပ်ဆောင် သျှိုင်းနှင့်ဝင်ရောက်   ဖြန်ဖြေသူ မင်းသတ္တိတို့အား ရိုက်နှက်ခဲ့သည်ဟု သျှိုင်းကဆိုကြောင်း ဧပြီ ၂၂ ရက်ထုတ် The Voice Daily တွင် ဖော်ပြထားသည်။

မေဇင်ဝင်း - Popular Myanmar News Journal


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့