လျှိဝှက်ဥယျာဉ်

Search This Blog

Loading...

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 28 August 2013

ဆရာ-ဆရာမတွေကို ဘယ်က္ကုန္ဒာကမှ ကြိမ်တံပြာ မဆက်သခဲ့

ဇူလိုင် (၉)ရက်နေ့ထုတ် 7 Day Daily သတင်းစာထဲမှာ မြစ်ကြီးနားမြို့ အ.လ.က (၆) က န၀မတန်းကျောင်းသား ငယ် တစ်ဦးဖြစ်တဲ့ “မောင်ဆိုင်းလဒ်အောင်”ဟာ ဘောဂဗေဒဘာသာရပ်ထဲက အိမ်စာငါးပုဒ်ကို ကျက်အပြီး ပုံဆွဲနေမိခဲ့တာကို ဆရာမတွေ့ပြီး ခေါင်းကို ကြိမ်လုံးနဲ့ အချက်(၂၀)ကျော် အရိုက်ခံခဲ့ရ တယ်ဆိုတဲ့ စိတ်မချမ်းမြေ့စရာ ပညာရေးလောကက သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ သည် တော့ တပည့်ဖြစ်သူခမျာ အနာတရ ဖြစ်သွား တယ်။ ရိုက်တဲ့ဆရာမကိုလည်း အကြောက်ကြီးကြောက် သွားမိတယ်။ ဒါကြောင့် ကျောင်းကနေ အိမ်ကို တန်းပြေး လာခဲ့မိတယ်။ အိမ်အရောက်မှာ သတိလစ်သွား ခဲ့ရတယ်။

“မြတ်မွန်ဆေးရုံကြီး”မှာ ပြင်ပလူနာအဖြစ် ဆေးကုသခံနေရတယ်။ အဘွားဖြစ်သူရဲ့ ပြောစကားအရ သူဟာ မျက်ရည်တွေ ကျနေပါတယ်တဲ့။ ဒါဟာ ခေါင်းက ဒဏ်ရာက နာကျင်မှုနဲ့ ကြောက်စိတ်၊ ခံပြင်းစိတ်၊ နာကျည်းစိတ်၊ ရှက်စိတ်တွေ ရောပြီး နှိပ်စက်တာခံရတဲ့ “စိတ်ခံစားမှု”ကြောင့် ကျဆင်းလာတဲ့ မျက်ရည်တွေပေါ့။ သည်သတင်းမျိုး ကြားရတော့ နှစ်ပေါင်း (၄၀) ကျော် သင်ကြားရေး ဆရာဘ၀နဲ့ ကျင်လည် အသက်မွေးနေရတဲ့ စာရေးသူအဖို့ အံ့သြ ထိတ်လန့် တုန်လှုပ်မိရုံမက စိတ်မကောင်းလည်း ဖြစ်မိရပါတယ်။ တပည့်ဘက်က ခံစားကြည့်ပြီး သနားမိတယ်။ ဆရာမနေရာ ၀င်ကြည့်မိတော့လည်း သနားစရာက ဒေါသထွက်စရာထက် ပိုနေပါတယ်။ ဩ“တုတ်”ဟာ ဆရာ့ လက်နက်လို့ ထင်နေတာကြောင့်ပါ။ တပည့်ဟာ ဇီဝဗေဒသိပ္ပံတွဲ ယူနေရာက ၀ိဇ္ဇာသိပ္ပံဘာသာတွဲကို ပြောင်းလဲ သင်ယူနေတဲ့ တပည့်သစ် တစ်ဦး ဖြစ်တယ်။ ကျောင်းဖွင့်စမှာ ဇီဝဗေဒကို သင်ယူမှု စတင်ခဲ့တယ်။ တစ်လကျော်ရောက်တော့ မယူချင်တော့ဘူး။ ၀ါသနာမပါတာလည်း ဖြစ်နိုင်သလို ဉာဏ်မမီတာလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိမိကြိုက်ရာ ပြောင်းခွင့်လည်းရှိလို့ ဘောဂဗေဒကို ပြောင်းသင်ယူတယ်။ ယခင်က အိမ်စာငါးပုဒ်သာလုပ် ခဲ့ရတယ်။ အခု အိမ်စာ(၁၀) ပုဒ် လုပ်ရမယ်ဆိုတာ သူ သိမထားဘူး။ သည်အခါမှာ အိမ်စာငါးပုဒ်လည်း ပြီးရော ကိုယ့်တာဝန်ကျေပြီလို့ အမှတ်မှား ယူဆမိတယ်။ ဘောဂဗေဒမှာ အိမ်စာကိုးပုဒ် လုပ်ရမယ်ဆိုတာကို သူမသိခဲ့ဘူး။ ဒါကြောင့် ၀ါသနာအရ ပန်းချီ ပုံဆွဲနေခဲ့တယ်။ ဒီိအချိန်မှာ ဆရာမက တွေ့သွားပါရော။ (ဒီအချိန်လေးဟာ ပြဿနာ ရဲ့ သုညအမှတ်ဖြစ်သလို အရေးကြီးဆုံး အချိန်လေးပါ။ ဆရာမက တပည့်ကို စစ်မေးမယ်။ ဒေါသသံနဲ့ မေးသလား။မေတ္တာသံနဲ့ မေးသလား။ ဒါလည်း သိပ်အရေးကြီးပါ တယ်။ တပည့်က ငါးပုဒ်ကျက်ပြီးလို့ တာဝန်ကျေပြီဆိုတဲ့ သဘောမျိုးနဲ့ ပြန်ဖြေမယ်။ ဒေါသသံနဲ့ ဖြေသ လား။ မေတ္တာသံနဲ့ဖြေသလား။ ဒါကလည်း အရေးကြီးတာပါပဲ။ ဆရာမက ကျောင်းသားဟောင်း၊ကျောင်း သားသစ် ခွဲခြားသိချင်မှ သိမယ်။ ကျောင်းသား ကျောင်းသူက များတာကိုး။ နိုင်ငံတကာစံလို တစ်တန်းမှာ (၁၅) ယောက် (၂၀)နှုန်းမှ မထားနိုင်သေးဘဲကိုး။

သည်နေရာမှာ ဆရာမက ဩ “မင်း ဘောဂဗေဒ”ကို အခုမှပြောင်းယူတဲ့သူလားလို့ မေးလိုက်မိရင် သည် ပြဿနာ ဟာ တင်းမာမှု လျော့သွားမှာ မုချပါ။ သည်မေးခွန်းကို ဆရာမ မေးခဲ့သင့်တယ်။ အဲသလို မေးခဲ့ မိရင် ကျောင်းသားက အခု ဂျူလိုင် (၃) ရက်ကမှ အသစ်စတင် သင်ယူခဲ့ရပါတယ်”လို့ ဖြေလိုက်ရင် ပြီး သွားပါပြီ။ ဆရာမရဲ့ ဒေါသမီးတောက်ဟာ သေးငယ်ချိန်မို့ ချက်ချင်း လျော့ချပစ်လို့ ရနိုင်ပါတယ်။ ဩကဲ နောက်မှတ်ထား။ ကိုးပုဒ်ကျက်မှတ်ရမယ်။ ကဲအခု ပုံမဆွဲသေးဘဲ နောက်ထပ် လေးပုဒ် ထပ်ကျက်လိုက် ဦးနော်။ ပြီးရင် ပုံဆက်ဆွဲနိုင်တယ်”လို့ ပြောသင့်တယ်။ အတန်းထဲက မီး အပြင်ကို ထွက်စရာမလိုတော့ဘူး။

(အဲ ပန်းချီပညာရပ်ဟာ ပညာရေး ကိုင်းညွှတ်ဘာသာရပ်ဆိုတာ ခုခေတ် ဆရာ ဆရာမ အတော်များများ မသိကြတော့ပါ။ သူတို့ ကျောင်းသား ကျောင်းသူဘ၀တုန်းက လက်တွေ့များ မသိကြတော့ပါ။ သူတို့ ကျောင်းသားကျောင်းသူဘ၀တုန်းက လက်တွေ့ မသင်ကြားခဲ့ကြရလို့ပါ။ စာရေးသူတို့ခေတ် (၁၉၆၉) တစ်ဝိုက်တုန်းကကျောင်းတွေက မူလတန်းနဲ့ အလယ်တန်းတွေမှာ တစ်ပတ်မှာ ပန်းချီသင်ချိန် နှစ်ချိန် ရှိခဲ့ဖူးတယ်။ သင်လိုက် ဆွဲခိုင်းလိုက်၊ စစ်ဆေးလိုက်ပဲ။ ခရိုင်မှာရှိတဲ့ ပန်းချီပညာအုပ်က သုံးလတစ်ကြိမ် လာစစ်ဆေးတယ်။ ဆရာသင်တာ ကြည့်၊ တပည့်တွေဆွဲတာကြည့်တယ်။ ပြီး လက်တွေ့ဆွဲထားတဲ့ လေ့ကျင့်ခန်း ဗလာစာအုပ် ဗြောင်အလျားရှည်တွေ ကို ကြည့်ပြီး ပုံတွေကိုမှတ်ချက်ရေး လက်မှတ်ထိုး တံဆိပ်တုံး ရိုက်ပေးတယ်။ အဲသည်ကမှ တက္ကသိုလ်ဝင်တန်းအောင် ဆရာအတတ်သင် သိပ္ပံနဲ့ ဘီအီးဒီတွေမှာ ပန်းချီကိုင်းညွှတ်ကို မသင်မနေရ သင်ယူကြရပြန်တယ်။ ဒါကြောင့် ဆရာဘ၀ ရောက်လာတော့ ဘယ် သင်ခန်းစာသင်သင် ကျောင်းသင်ပုန်းပေါ်မှာ ပုံဆွဲပြရှင်းပြနိုင်တယ်။ ဆရာမဟာ သူမရဲ့ဒေါသကို မထိန်း နိုင်ဘဲ မာနစွက်ဖက်လိုက်မိပုံ ရတယ်။ “ငါ” ဆိုတဲ့အတ္တက သူမဦးခေါင်းပေါ် ခုန်တက် လိုက်တာကို သိလိုက်ပုံမရဘူး။ ဒါ ငါ့ကို မလေးစားတာ၊ ငါ့ဘာသာကို တန်ဖိုးမထားတာ၊ ငါ့စကားကို နားမထောင် တာ၊ ငါ့ ကို သက်သက် စော်ကားတာ”လို့ အပျက်ဘက် ဆွဲတွေးလိုက်မယ် ထင်တယ်။ ဒီတော့ “ငါ” ဆိုတဲ့“မာန”ကြောင့် ဒေါသဟာ မီးတောက်သွားပြီး  ဒေါသအိုးပေါက်ကွဲသွားပုံ ရပါတော့တယ်။ (မိဖုရားဖွားစော ကျောက်စာထဲက ဖိဖုရားကြီးရဲ့ ငါ့လင်သခင်မင်းကြီး၊ ငါ့သားမင်းကြီး၊ ငါ့မြေးမင်းကြီးလို့ ပြောတာမျိုးလိုပေါ့။) သည်တော့ကာ လက်ထဲမှာ အသင့်ကိုင်ထားတဲ့ ယမကာကြိမ်လက်နက်ကို ချက်ချင်း ထုတ်သုံး လိုက်မိတယ်။

ဆရာမစိတ်ထဲက ဒေါသမီးဟာ လက်နဲ့လက်နက်ဆီ လျပ်စစ်စီးနှုန်းနဲ့ ရောက်သွားခဲ့ရပြီး “ငါက စေတနာနဲ့ သင်ကြားပေးတဲ့ ဆရာမ  ငါ့စေတနာကို နင်စော်ကားတယ်”လို့ ပါးစပ်က ပြောချင်ပြောမိတယ်။ မပြောမိရင်တောင် စိတ်ထဲမှာ ပြောမိမယ်။ ကြိမ်လက်နက်နဲ့ ကျောင်းသားရဲ့ခေါင်းကို ဆက်တိုက် ရိုက်နေမိတယ်။ ဒေါသမီးတောက် ကြီးသလောက် လက်ရိုက်အား ပြင်းထန်နေလိမ့်မယ်။ (အဲဆရာမ မသိလိုက်တာက သိကြားမင်း (က္ကန္ဒရာဇာ) အနော်ရထာမင်းကို ကြိမ်စကြာ ဆုချသလိုမျိုး ဘယ်ပညာရေးဌာနက မှကျောင်းဆရာ ဆရာမတွေကို ကြိမ်လုံး ဆုချမထားဘူးဆိုတာပါပဲ။ ) မှားသွားပြီ။ အချိန်ကတော့ စက္ကန့် ပိုင်းအတွင်းလောက်သာ ကြာမှာပါ။ ဒေါသမီးရဲ့ပေါက်ကွဲလောင်ကျွမ်းအားဟာ ကြီးမားလာမယ့် ပြဿ နာကြီးတစ်ခုကို မီးစမွှေးလိုက်မိပြီးကော။ “ချက်”ဆိုတဲ့မောင်းရိုက်တံအားကြောင့် နားခွက် ယမ်းအားနဲ့ မီးပွင့်သလိုပါပဲ။ ပြီး ကျည်ဆံကို မောင်းထုတ်လိုက်ပြီလေ။

န၀မတန်းစာသင်ခန်းလေးဟာ အေးဆေးငြိမ်သက်နေရာက ၀ုန်းခနဲပေါက်ကွဲသံ ကြားလိုက်ရပြီ။ အတန်းသား အားလုံးဆီ အပူမီးဓါတ် ကူးစက်သွားပြီ။ အဲဒီအသံ ကြားလိုက်ကြရပြီ။ အတန်းသားအားလုံးဆီ အပူ မီးဓါတ်ကူးစက် သွားပြီ။ အဲဒီကမှ အခြားအတန်းတွေဆီ အပူသတင်း ပြန့်ပွားသွားပြီ။ နောက်ဆုံး ကျောင်း အုပ်ဆရာမကြီးထံ ကူးစက် သွားခဲ့ပြီ။ သူမက ကျောင်းကြီးရဲ့ မာလိန်မှူးဆိုတော့ တာဝန် ၀န်ထုတ်ဝန်ပိုး ကို ခေါင်းပေါ် အမြဲရွက်ထားရသူကိုး။ သည်တော့ကာ အကြီးမားဆုံး အပူမီးဟပ်ခံရသူ ဖြစ်သွားရပြီ။ ပြ ဿနာဖြစ်သူတွေက တစ်ဖက်က မိမိလက်အောက် ဘ၀တူဝန်ထမ်း ကျန်တစ်ဖက်က မိမိရဲ့ ဒူးမနာသား ဖြစ်တဲ့တပည့်။ ကြားက “ချိန်ခွင်လျှာ”ထုံး နှလုံးမူရတော့မယ်။ အရမ်း ဆိုးဆိုးရွားရွားတော့ မဟုတ်ပါဘူး။ ဆရာမကိုတော့ ကိုးတန်းကို မသင်ခိုင်းဖို့ ဒီနေ့ပဲ ဆုံးဖြတ်လိုက်ပြီလို့ ဆရာမကြီးက ဖြေရှင်းပြောရတဲ့အ ထိ ဖြစ်သွားရပြီး။ ရိုက်တဲ့ဆရာမက အလယ်တန်းပြ ဆရာမပါ။ အထက်တန်းမှာ တရားဝင်သင်ခွင့်မရှိပါ။

ဒါကြောင့် လခလည်း ပိုမရပါ။ တာဝန်ပေးလို့ မေတ္တာ စေတနာ ရှေ့ထားပြီး သင်နေရသူပါ။ ဒါကလည်း ကျောင်းတွေ မှာ ဆရာ မလုံလောက်တဲ့ ပြဿနာက အရင်းခံ အကြောင်းရင်းပါ။ လွတ်လပ်ရေး ရပြီးချိန် ကတည်းက ကြုံခဲ့ရတဲ့ပြဿနာတွေပါ။ စာရေးသူကိုယ်တိုင်လည်း ကြုံခဲ့ရဖူးပါတယ်။ (ခေတ်မီတိုးတက် တဲ့ နိုင်ငံမျိုးတွေမှာ ဒီပြဿနာမျိုး ရှိမယ်မထင်ပါ။) ဟုတ်ပြီ။ ရိုက်တဲ့ဆရာမဟာ ပညာရေးသင်တန်း တစ် မျိုးမျိုးကို တက်ခဲ့ဖူးမှာပါ။ အသက်အရွယ် အလိုက် ကျောင်းသား ကျောင်းသူတွေရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုရုပ် သဘာဝနှင့် စိတ်သဘောဝတွေကို ပညာရေး (၁) ဘာသာရပ်ထဲမှာ သင်ယူခဲ့ဖူးမှာပါ။ ကြိမ် မသုံးသင့် ကြောင်း၊ မသုံးအပ်ကြောင်းလည်း သင်ဖူးမှာပါ။ (အဲဒါကိုမေ့သွားလို့ သည်ပြဿနာမျိုး တွေ့ရတာပေါ့) အခြား ဒဏ်ပေးနည်းတွေ အများကြီးထဲက တစ်ခုခု ရွေးသုံးလိုက်မိရင် ဒီပြဿနာမျိုး ကြုံမယ်မဟုတ်ပါ။ ဥပမာ- နင် လေ့ကျင့်ခန်းတွေကို (၃)ရက်တိတိ စစ်မပေးဘူး။ နောင် ငါဝင်လာရင်၊ မင်္ဂလာပါလို့ နှစ်ရက် တိတိ နှုတ်မဆက်နဲ့။ ကဲ ထိုင်ထ ဆယ်ကြိမ်လုပ်။ ပန်းချီပုံသုံးပုံ ငါ့ကိုဆွဲပေး။ လမ်းမှာ ငါ့ကိုတွေ့ ရင် တစ်ပတ်တိတိ နှုတ်မဆက်နဲ့ စတဲ့ ဒဏ်ပေးစရာမျိုးတွေပေါ့။ သည်အခါ တပည့်ဟာ သူ့စိတ်သူဆုံးမ၊ သူ့အ မှားသူ ဆင်ခြင်၊ သူ့ဘာသာသူ ပြင်သွားပါလိမ့်မယ်။ ဆရာကိုလည်း ပိုပြီး ချစ်ကြောက် ရိုသေလာပါလိမ့်မယ်။ အရေးကြီးဆုံး က ဆရာဟာ တပည့်နဲ့ တန်းတူမဟုတ်လို့ တပည့်နဲ့တုပြီး ရန်ဖြစ်စရာ မလိုပါ။ လူငယ် အမျိုးသားဆရာတချို့ဆိုရင်ဒေါသပေါက်ကွဲတဲ့အခါမှာ လာခဲ့၊ မင်းမိုက်ရင် ရှေ့ကိုထွက်လာခဲ့။ မင်းနဲ့ ငါနဲ့ ချမယ်ဆိုတာမျိုး ပြောတတ်ကြပါတယ်။ ဒါဟာလည်း ဆရာဟာ တန်းဆင်းဇုန် ရောက်သွားပြီပေါ့။ ရိုက်မိတဲ့ ဆရာမရဲ့ စေတနာဟာ ဝေဒနာ ဖြစ်သွားခဲ့ရခြင်း ပါ။ ဝေဒနာ ဖြစ်သွားပြီဆိုရင် စေတနာဟာ မပေါ်လွင်တော့ပါ။ ဒီတစ်ခါ ဆရာမကမင်းကို ခွင့်လွှတ်လိုက်မယ်။နောက် သည်လိုမဖြစ်ပါစေနဲ့လို့ ချိုသာ တဲ့လေသံနဲ့ ပြောလိုက်ရင် ပြီးသွားမှာပါ။ ဘာနောက်ဆက်တွဲပြဿနာမှ ပေါ်လာ စရာ မလိုပါ။ ထောင် တွေထဲမှာ ထောင်မှူး၊ ၀ါဒါတွေက အကျဉ်းသားတွေကို ရိုက်နေကြတာ ကိုလိုနီခေတ် ကနေ ယနေ့ခေတ် အထိပါ။

ဒါပေမဲ့ အုပ်ချုပ်ရေးဌာနမှာ ပြဿနာ သိပ်မပေါ်ခဲ့ပါ။ ပညာရေးဌာနမှာတော့ မကြာခဏ သည်ပြဿနာမျိုးတွေ ကြားနေရပြီး ပြဿနာတွေပေါ် ထောင်တွေကျ၊ အလုပ်တွေပြုတ်ခဲ့ကြရတဲ့ ဆရာ ဆရာမတွေ မနည်းတော့ပါ။ ဒါကြောင့် နောက်နောင်မှာ ပညာရေးဌာနမှာ သည်ပြဿနာမျိုးတွေ မပေါ်စေချင်တော့ပါ။ ဆရာ ဆရာမဆိုတာထောင်မှူး၊ ၀ါဒါမဟုတ်သလို ကျောင်းသား ကျောင်းသူတွေဟာလည်း အကျဉ်းသားတွေ မဟုတ်လို့ပါပဲ။      

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့