Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 25 August 2013

ယာဉ်စည်းကမ်း ချိုးဖောက်မှုကြောင့် အရေးယူ ခံရသော ၉၀ ရာခိုင်နှုန်းသည် ခရီးသည်တင် ယာဉ်များဖြစ်နေ



ရန်ကုန်တိုင်း ဒေသကြီး အတွင်း ယာဉ်စည်းကမ်း ချိုးဖောက်မှုကြောင့် အရေးယူ ခံရသော မော်တော်ယာဉ် များအနက် ခရီးသည်တင် ယာဉ်များသည် ၉ဝ ရာခိုင်နှုန်း ရှိကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး (ရန်ကုန်)မှ စုံစမ်းသိရှိရသည်။

ယခုနှစ် ရန်ကုန်မြို့တော် အတွင်း မော်တော်ယာဉ် များပြားလာ ခြင်းကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ နေ့စဉ်ဖြစ်ပေါ် လျက်ရှိကြောင်း ၊ ထို့နည်းတူစွာ မော်တော်ယာဉ် ရပ်နားနိုင်မည့် ကားပါကင်များ လုံလောက်စွာ မရှိခြင်း များကြောင့် လမ်းပြည့်ဝစွာ အသုံးမပြု နိုင်မှုများကို တွေ့မြင်ရကြောင်း ၊ ယင်းအတွက် ယာဉ်စည်းကမ်း ချိုးဖောက်မှုများ နေ့စဉ် ဖြစ်ပွားလျက်ရှိ ကြောင်း သိရသည်။

'' လမ်းက မလုံလောက်တော့ ခရီးသည်တင် ယာဉ်တွေက ပြေးဆွဲရမယ့် လမ်းကြောင်း အမှန် မဆွဲကြဘူး ၊ ဒါကြောင့်လည်း ယာဉ်ကြောတွေ ပိတ်ကုန် ရတာပါပဲ ၊ စည်းကမ်း ချိုးဖောက်မှုမှာ ခရီးသည် တင်ယာဉ် က ပထမ ၊ တက္ကစီ အငှားယာဉ် တွေက ဒုတိယပဲ ... ''ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး (ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

၂ဝ၁၃ ခုနှစ် ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ စည်းကမ်းမဲ့စွာ မောင်းနှင်မှု ကြောင့် အရေးယူ ခံရသော မော်တော်ယာဉ် အစီးရေ ၁၁ဝဝဝ ကျော်နှင့် မော်တော်ဆိုင်ကယ် အစီးရေ ၅၈ဝ ကျော်ရှိကြောင်း ၊ ယာဉ်တိုက်မှု အနေဖြင့် ၁၉၂ မှုတွင် ထိခိုက် ဒဏ်ရာရရှိ သူဦးရေ ၂၅၂ ဦး ၊ သေဆုံးသူ ၃၂ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။


ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြော ပိတ်ဆို့မှု ထိုက်သင့် သလောက် လျော့ကျစေရန် စည်းကမ်းမဲ့ လမ်းအသုံးပြု မောင်းနှင်မှုနှင့် ရပ်နားထားမှု များကို နေ့စဉ် အလှည်ကျ တာဝန်ယူ စစ်ဆေး အရေးယူလျက် ရှိကြောင်း သိရှိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့