Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 August 2013

ပြည်တွင်း သရက်သီးများကို ယမန်နှစ်ကထက် ပြည်ပသို့ ပိုမိုတင်ပို့ နိုင်ခဲ့


မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက် သစ်သီးဝလံ ထုတ်လုပ် ရောင်းချရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ယခင်နှစ် များထက် ယခုနှစ်မှာ
ပြည်ပသို့ သရက်သီး တင်ပို့မှုဟာ ပိုမိုများပြား လာတယ်လို့ သိရပါတယ်။ ဒီလို တင်ပို့ရာ မှာတော့ တရုတ် နိုင်ငံကို အများဆုံး တင်ပို့ရပြီး စင်္ကာပူ၊ မလေးရှား၊ ဟောင်ကောင် တို့ကိုလည်း တင်ပို့နေတာ ဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ ကိုတော့ တန်ချိန် ၄သောင်း ကျော်နဲ့ အများဆုံး တင်ပို့နေရပြီး စင်္ကာပူနိုင်ငံကို တန်ချိန် ၁၅၀ ကျော် တင်ပို့နေတာ ဖြစ်ပြီး မလေးရှားနဲ့ ဟောင်ကောင် ကိုတော့ တန်ချိန် ၂၀ တင်ပို့နေတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ပြည်တွင်းမှ သခွားသီး၊ ဖရဲသီး၊ ကျွဲကောသီး တို့လည်း ပြည်ပနိုင်ငံများကို တင်ပို့လျက် ရှိတယ်လို့ သိရပါတယ်။ သရက်သီး တင်ပို့မှု မှာတော့ ဇူလိုင်ဆိုရင် တင်ပို့မှု အားလုံး ပြီးစီးသွားပြီး သြဂုတ်လ မှာတော့ သခွားမွှေး စတင် တင်ပို့နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုပြည်ပသို့ သစ်သီး တင်ပို့ တာဟာ နိုင်ငံတော် အတွက် တစ်ဖက် တစ်လမ်းမှ နိုင်ငံခြား ၀င်ငွေပိုမို ရရှိစေမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့