Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 27 August 2013

ရေအိုင်ထဲကျနေသော ဓာတ်ကြိုးကိုင်မိရာမှ ကလေးနှစ်ဦးသေ

မွန်ပြည်နယ် မော်လမြိုင်မြို့ ဇေယျာသီရိရပ်ကွက် အောင်သပြေ (၄) လမ်းတွင် လမ်းမီးတိုင်မှ လျှပ်စစ်ဓာတ်ကြိုး ရေအိုင်ထဲသို့ ပြုတ်ကျနေသည်ကို ကိုင်မိ၍ သြဂုတ် လ ၂၃ ရက်နေ့တွင် ကလေးနှစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ကြောင်း ဇေယျာသီရိ ရပ်ကွက်မှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးဘဌေးက The Voice သို့ ပြောကြားသည်။

အဆိုပါ ကလေးနှစ်ဦးသည် ဇေယျာသီရိ ရပ်ကွက်အတွင်း စွန့်ပစ်ပစ္စည်းများ လိုက်ကောက်ရာမှ လမ်းမီးတိုင်မှ ပြတ်ကျနေသည့် ဝါယာကြိုးကို ကြေးနန်းကြိုးနှင့် မှားပြီးကောက်ယူရာမှ ယင်းသို့ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ကလေးတွေက ဒီနှစ်မှ World Vision ကျောင်းထားပေးလို့ ကျောင်း စတက်ရတာ၊ ရေကြီးလို့ စွန့်ပစ်ပစ္စည်း ထွက်ကောက်မယ်ဆိုပြီး အိမ်ကထွက်သွားတာ” ဟု အဆိုပါ သေဆုံးခဲ့သည့် ခုနစ်နှစ်နှင့် ခြောက်နှစ်ခန့်အရွယ် ကလေးနှစ်ဦး၏မိခင် ဒေါ်တင်မိုးက ဆိုသည်။
မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ဆွေးမြည့် ဓာတ်ကြိုးများကို အချိန်မီ ပြန်မလဲခြင်းကြောင့် မိုးရေချိန် မြင့်မားစွာ ရွာသွန်းသည့် အချိန်တွင် ဝါယာကြိုး ပြတ်ကျမှု မကြာခဏ ဖြစ်ပေါ်ပြီး လူသေဆုံးမှုများ ရှိကြောင်း ဒေသခံများက ဆိုသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့