Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 22 August 2013

ပြည်နယ်ရဲမှူးကြီး ဦးဝင်းထွန်းမှ အင်းလေးဒေသခံ ရွာသားများကို ခြိမ်းခြောက်



ရှမ်းပြည်နယ် ပြည်နယ်ရဲမင်းကြီး ဦးဝင်းထွန်း ဦးဆောင်သော ရဲတပ်ဖွဲ့ သည်၊ အင်းလေး ဟိုတယ်ဇုံ စီမံကိန်း အတွင်းရှိ- လျှော်ကြေး မယူသော ဒေါ်ခင်ရွှေ ပိုင် လယ်ထဲသို့  မြေဖို့ ရဲ့ အဓမ္မ ဝင်ရောက်ခဲ့ သဖြင့် ဒေသခံ ရဲရင့်သော အင်းလေးရွာသားများနှင့် ထိပ်တိုက်တွေ့ ဆုံခဲ့ ကြတယ်။

ဲဖြစ်စဉ်ကို မျက်မြင်သက်သေ ဒေသခံ ကိုအောင်ကျော်မျိုးက ယခုလိုပြောပြခဲ့ ပါတယ်။

``၂၁-၈-၂၀၁၃ နေ့ လည်၂း၀၀အချိန် ၀န်းကျင်ခန့် မှာ ပြည်နယ်ရဲမင်းကြီး ဦးဝင်းထွန်းက လယ်သမားများကို လယ်ဘာလို့ စိုက်ထား သလဲလို့ ပြောတယ်၊ လယ်သမားများ ကလည်း စားစရာမရှိလို့ စိုက်ထားတယ်လို့ ပြန်ပြောပါတယ်။

ဒါကိုပြည်နယ်ရဲမင်းကြီးက `` မင်းတို့ ဘာဖြစ်ဖြစ်စိတ်မဝင်စားဘူး၊ ဒါဟိုတယ်ဇုံ စီမံကိန်းလုပ်ဖို့ ထားတဲ့ အတွက် စီမံကိန်းအောင်မြင်အောင် ငါတို့ ကလုပ်ဆောင်ရမှာပဲ၊ ငါတို့ က စစ်တပ်ထဲက ထွက်လာတဲ သူကွ ဘာမဆိုလုပ်ရဲတယ်ဟု ပြောဆိုပြီး၊ လယ်ပိုင်ရှင် မောင်နှမ(၆)ဦး ကိုလဲဖမ်းမယ်လို့ ပြောပြီး ဓါတ်ပုံရိုက်သွားပါတယ်``ဟုပြောပါတယ်။

ထိုနောက်-``၁ရက်-၂ရက် စောင့်ကြည့်မယ်၊ ဘယ်သူတားတား ဖမ်းထည့်မယ်ဟု ပြောပြီး၊  လယ်ယာမြေ ပတ်ဝန်းကျင်တွင် မြေစာများကို အသင့်ပုံထားပြီး လယ်မြေအား လုံးဝမြေမြုပ်ဖျက်ဆီး ပစ်ရန်
စီမံထားတယ် `` လို့ ပြောပြပါတယ်။

လက်ရှိဟိုတယ်ဇုံ စီမံကိန်းမှာ ရွာသားများနှင့် အကြေအလည်ညှိနှိုင်း အဆင်ပြေခြင်း မရှိပဲ-ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ၏ အဓမ္မ ကိုယ်ကျိုးရှာ ပုံဖော်လုပ်ဆောင်သကဲ့ သို့ ဖြစ်လာကြောင်း၊ ဒေသခံ လယ်သမားများအား ပြည်သူ့ ဝန်ထမ်း ရဲများက ပြည်သူကို မစောင့်ရှောက် တော့ပဲ အစိုးရ အဖွဲ့ ဝင်များ၏ အကျိုးစီးပွားနှင့် ကုမ္ပဏီ အကျိုးစီးပွားအတွက် လက်ကိုင်တုတ် ရဲတပ်ရင်း သဖွယ်
 အသုံးပြုပြီး၊ ဒေသခံလယ်သမားများအား အကြိမ်ကြိမ် ခြိမ်းခြောက်ရိုက်နှက်ညှင်းပန်း နှိပ်စက်
နေကြသည့် ပုံစံမျိုးဖြစ်ပေါ်နေကိုတွေ့ ရှိနေရပါတယ်ဟု ဒေသခံများက ပြောကြပါတယ်၊

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့