မလေးရှားရောက် တရားမ၀င် အလုပ်သမားများ မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာအလုပ်သမား တစ်သိန်းခွဲကို နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲရေး အစီအစဉ် (6P) အရ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးထားပြီး ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက သြဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။ယင်းလက်မှတ်များကို ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ထုတ်ပေးခဲ့ခြင်းဖြစ်ပြ...ီး တစ်ခါသုံး မည်သူမည်ဝါ ဖြစ်ကြောင်း အထောက်အထား (Certificate of Idenity) ကို မြန်မာလုပ်သား ၁၀၀၀၀ ခန့်အား ထုတ်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့က ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်သည်။
မလေးရှားနိုင်ငံတွင် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားပါက မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့ရှိ သံမှူးကြီး ဖုန်း ၆၀၃ ၄၂၅ ၁၄၄၅၅ နှင့် အလုပ်သမားအရာရှိ ဖုန်းနံပါတ် ၆၀၃ ၄၂၅ ၁၅၅၉၅ တို့ကို ဆက်သွယ်အကူအညီ တောင်းနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရသည်။
မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာလုပ်သား နှစ်သိန်းခန့်ရှိနေပြီး ၎င်းတို့ ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရန် အထောက်အထားများ ထုတ်ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ဇွန်လအတွင်းက ပြောဆိုထားသည်။
မေလကုန်နှင့် ဇွန်လဆန်းတို့တွင် ဖြစ်ပွားခဲ့သည့် မလေးရှားရောက် မြန်မာများ အကြမ်းဖက်ခံရသည့် ဖြစ်စဉ်တွင် မလေးရှားနိုင်ငံက အော်ပရာစီဟုခေါ်သည့် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးသည့် စစ်ဆင်ရေးတစ်ရပ်ကို ပြုလုပ်ခဲ့ရာ မြန်မာ ထောင်ဂဏန်းခန့် ဖမ်းဆီးခံခဲ့ရသည်။
No comments:
Post a Comment