Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 August 2013

မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ မြန်မာနိုင်ငံ အတွက် ရေနံစိမ်းနှင့် သဘာဝ ဓာတ်ငွေ့အချို့ ပြန်လည်ပေးပို့ သွားမည်


မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ မြန်မာနိုင်ငံ အတွက် ရေနံစိမ်းနှင့် သဘာဝ ဓာတ်ငွေ့များ ပြန်လည် ပို့ဆောင် ပေးသွားမှာ
ဖြစ်တယ်လို့ အဆိုပါ စီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ပေးပို့ရာ မှာလည်း မြန်မာနိုင်ငံ အတွက် တစ်နှစ်ကို ရေနံစိမ်း တန်ချိန် ၂ သန်းနှင့် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၂ ဘီလီယံကို မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ ပြန်လည် ပို့ဆောင် ပေးမှာ ဖြစ်ပါတယ်။

မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တည်ရှိမှု အတွက် ပိုက်လိုင်း ဖြတ်သန်းခ အနေနဲ့ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁၃.၈၁ သန်း ရရှိမှာ ဖြစ်ပြီး နိုင်ငံတော်အခွန် အနေနဲ့ ပို့လွှတ်မယ့် ရေနံ တစ်တန်ကို အမေရိကန် ဒေါ်လာ တစ်ဒေါ်လာနှုန်း ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖက်စပ် ကုမ္ပဏီဖြစ်တဲ့ အရှေ့တောင် အာရှ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ SEAGP နဲ့ အရှေ့တောင် အာရှ ရေနံ ကုမ္ပဏီ SEAOP ရဲ့ အစုရှယ်ယာဝင် ဖြစ်တဲ့ စွမ်းအင်ဝန်ကြီး ဌာန မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းဟာ အဆိုပါ စီမံကိန်းရဲ့ သယ်ပို့မှု လုပ်ငန်းမှ နှစ်စဉ် နှစ်တိုင်း လာမယ့် အနှစ် ၃၀ အထိ အကျိုးအမြတ် ရရှိမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့