Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 August 2013

အာရှဖွံ့ဖြိုးရေးဘဏ် ADB မှ မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်းများအား ဒေါ်လာ နှစ်သိန်းကျော် ထောက်ပံ့ သွားရန်ရှိ


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ် ADB မှ မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်းများ အတွက် ထောက်ပံ့ငွေ ဒေါ်လာ နှစ်သိန်းကျော်
ပေးအပ် သွားဖို့ ရှိတယ်လို့ အဆိုပါ ADB ဘဏ်ရဲ့ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ အဆိုပါ အာရှဖွံ့ဖြိုးရေးဘဏ် ADB အနေနဲ့ အာရှပစိဖိတ် ဒေသတွင်း စီးပွားရေး တိုးတက်မှု၊ ပတ်ဝန်းကျင် ဆိုင်ရာ ရေရှည် ဖွံ့ဖြိုးမှုနဲ့ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများ တစ်ဆင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာမှာ မြန်မာနိုင်ငံရဲ့ အရပ်ဘက် အဖွဲ့အစည်း များကလည်း ပါဝင်ကူညီ နိုင်ဖို့အတွက် အမေရိကန် ဒေါ်လာ နှစ်သိန်း နှစ်သောင်း ငါးထောင်ခန့် ထောက်ပံ့ သွားမှာ ဖြစ်ပါတယ်။
 
အခုလို ADB အနေနဲ့ ထောက်ပံ့ပေးမှု များဟာ အဓိက မိတ်ဖက် အဖွဲ့အစည်းများ သတ်မှတ်နိုင်ရန်၊ ADB မှ ပံ့ပိုးတဲ့ လုပ်ငန်းစဉ်များမှာ ပါဝင်နိုင်ရန်နဲ့ လိုအပ်တဲ့ ကျွမ်းကျင်မှု များရနိုင်စေဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးရေး ဆိုင်ရာ အခက်အခဲများ ဖြေရှင်း နိုင်ဖို့ အတွက် နိုင်ငံတော် အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းကာ ဆွေးနွေး နိုင်စေဖို့ အတွက်လည်း ဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါ အာရှ ဖွံ့ဖြိုးရေးဘဏ် ADB အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး ပြုပြင် ပြောင်းလဲ ဆောင်ရွက် မှုများမှာ နိုင်ငံတော်ရဲ့ လျှပ်စစ် ဥပဒေအား ပြင်ဆင် မွမ်းမံနိုင်ရန်၊ မူလတန်းလွန် ပညာရေးကို အကဲဖြတ်ဖို့နဲ့ ကမ္ဘာလှည့် ခရီးသည် အများအပြား ၀င်ရောက်လာမှုကို ကိုင်တွယ် ဖြေရှင်း နိုင်စေဖို့ အတွက် အမေရိကန် ဒေါ်လာ ၅.၄ သန်းကျော် ပံ့ပိုးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ယခုနှစ် ဇန်န၀ါရီလမှ စတင်ကာ ကျေးလက်နဲ့ မြို့ပြ တိုးတက်မှု ကွာဟချက် နည်းစေဖို့ ပို့ဆောင်ရေးနဲ့ စွမ်းအင် အပါအ၀င် ကဏ္ဍ အလိုက် အသေးစိတ် လေ့လာမှုများ ဆောင်ရွက်ကာ ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ခဲ့သလို ကျေးလက်နေ ပြည်သူများရဲ့ ဘ၀ တိုးတက်ရေး အတွက်လည်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
 
 
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့