Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 26 August 2013

ဗီဇာကုန်မြန်မာအလုပ်သမားအရေး မြန်မာသံရုံးနှင့် မေးမြန်းချက်

 ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့် ဗီဇာသက်တမ်း ၄ နှစ်ပြည့်ပြီး ဖြစ်တဲ့ မြန်မာ အလုပ်သမားတွေ တရားဝင်ဆက်လက်လုပ်ကိုင်ခွင့် ရရှိဖို့ အရှိန်အဟုန်မပျက် ဆက်လုပ်ဆောင် နေတယ်လို့ ဘန်ကောက်ရှိ မြန်မာသံရုံးက ဩဂုတ်လ ၂၅ ရက်ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဘန်ကောက် မြန်မာသံရုံးက အလုပ်သမားအရာရှိ ဦးကျော်ကျော်လွင်ကို သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီကြေညာချက်က ဗီဇာသက်တမ်း ၄ နှစ်ကျော်နေတဲ့ မြန်မာအလုပ်သမားတွေနဲ့ သက်ဆိုင်လား။

“အားလုံးပါအောင်တော့ လုပ်ဖို့ သံအမတ်ကြီးက ကြိုးစားနေတာပေါ့နော်။ အားလုံးဆိုတာ ၄ နှစ်ကျော်တဲ့ လူတွေရော၊ ကျနော်တို့ အရှေ့ပိုင်း ၁၁ ရက်နေ့ ပိတ်သွားတဲ့အချိန်မှာ ပတ်စပို့တွေ မပြီးသေးတဲ့လူတွေရော အဲဒါတွေ အားလုံးပါအောင် ကြိုးစားပြီးတေ့ လုပ်ပေးနေတယ်။”

ဗီဇာကျော်နေတဲ့ လူတွေကိစ္စရော နှစ်နိုင်ငံ ဘယ်လို သဘောတူညီမှု ရထားသလဲ။

“အဲဒါကတော့ ကျနော်တို့ ၅ ရက်နေမှာ အစည်းအဝေးရှိမယ်၊ အဲဒီနေ့မှာ ဆက်ညှိကြဦးမယ်။ ကျနော်တို့ လောလောဆယ် ကလေးတွေ ဒုက္ခမရောက်အောင်ဆိုပြီးတော့ ပထမတဆင့်အနေနဲ့ စပြီးတော့ ဆောင်ရွက်နေကြတာပါ။”

ဗီဇာ လေးနှစ်ကျော်နေတဲ့ အလုပ်သမားတွေ ကိစ္စကတော့ မပြတ်သေးဘူးလို့ ပြောရမှာပေါ့။

“မပြတ်သေးဘူး၊ ကြေညာချက်ထဲမှာလည်း ပါတယ်။ ဆက်ညှိမယ်လို့ ပြောထားတယ်လေ။”
ဒီကြေညာချက်ကတော့ အထောက်အထားမရှိသေးတဲ့ မြန်မာ အလုပ်သမားတွေ အလုပ်သမား လက်မှတ် လုပ်ကြပါ။ ထပ်ပြီးတော့ နိုးဆော်တဲ့ သဘောပဲပေါ့။
“ဟုတ်ပါတယ်။”
၎ နှစ် ကျော်နေတဲ့ အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ ပြောနိုင်သမျှပြောပေးပါ။

“ကျနော်တို့က လုပ်တုန်း ညှိတုန်းဆိုတော့လေ ၅ ရက်နေ့ကျရင်တော့ အစည်းအဝေးရှိဦးမှာ။ နှစ်နိုင်ငံ အစည်းအဝေးရှိမယ်၊ အဲဒီအစည်းအဝေးပြီးသွားရင်တော့ ကျနော် အသေးစိတ်သိရမယ်လို့ ထင်ပါတယ်။ အဲဒီအချိန်ကျရင် ကျနော် ထပ်ပြောပြမယ်၊ အခုညှိတုန်းဆိုတော့ တချို့ဘာတွေမှန်းကို သေချာမသိတော့ အတိအကျ မရနိုင်ဘူး။”

၂၀၀၃ ခုနှစ်က မြန်မာထိုင်းနှစ်နိုင်ငံ သဘောတူညီချက်အရ ၂၀၀၉ ခုနှစ်ကတည်းက တရားဝင်လာရောက် အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ ဒီနှစ်ထဲ ၄ နှစ် ဗီဇာသက်တမ်း ကုန်ကြတော့မှာ ဖြစ်ပါတယ်။ သူတို့တွေအတွက် ဘယ်လို ဆက်လုပ်မယ်ဆိုတာကို နှစ်နိုင်ငံစလုံးမှာ ကြိုတင်ပြင်ဆင်ထားတာ မရှိဘဲ အခုမှ ဆွေးနွေးနေကြတုန်းလည်း ဖြစ်ပါတယ်။

မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေရဲ့ အဆိုအရ အခု လတ်တလော ဗီဇာကုန်နေတဲ့ မြန်မာအလုပ်သမား ရာနဲ့ချီ ရှိနေပြီး ဒီနှစ်ကုန်မှာတော့ သိန်းနဲ့ချီတဲ့ အလုပ်သမားတွေ ဗီဇာသက်တမ်း ကုန်ကြတော့မှာ ဖြစ်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့