Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 August 2013

ရန်ကုန်မြို့တွင်း အစိမ်းရောင် နယ်မြေနှင့် အထပ်မြင့် အဆောက်အဦး ကင်းမဲ့နယ်မြေများ စတင် ဆောင်ရွက်နေပြီဖြစ်


ရန်ကုန်မြို့တွင်းရှိ နေရာ အချို့ကို အစိမ်းရောင် နယ်မြေ၊ စိတ်ငြိမ် နယ်မြေနဲ့ အထပ်မြင့် အဆောက်အဦး ကင်းမဲ့နယ်မြေများ အဖြစ် ဆောင်ရွက် သွားဖို့
စီစဉ် ဆောင်ရွက် လျက်ရှိရာ အခု  လက်ရှိမှာ အစိမ်းရောင် နယ်မြေနဲ့ အထပ်မြင့် အဆောက်အဦး ကင်းမဲ့ နယ်မြေများ ကတော့ စတင် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို အစိမ်းရောင် နယ်မြေများ အဖြစ် ပြုလုပ် ဆောင်ရွက်နေပြီ ဖြစ်တဲ့နေရာတွေ ကတော့ ကန်တော်ကြီး ပတ်ဝန်းကျင် နေရာများ၊ အင်ယား ကန်ဘောင် ဘေးပတ်ဝန်းကျင် နေရာများပဲ ဖြစ်ပါတယ်။

အထပ်မြင့် အဆောက်အဦး ကင်းမဲ့နယ်မြေ အဖြစ် ကိုတော့ ရွှေတိဂုံဘုရား အနီး ပတ်ဝန်းကျင် နေရာတွေကို သတ်မှတ် ထားပြီး အဆိုပါ နေရာများမှာ အဆောက်အဦး တည်ဆောက် မယ်ဆိုပါက ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၁၉၀ ထက် မမြင့်အောင် တည်ဆောက် သွားရမှာ ဖြစ်တယ်လို့ သတ်မှတ် ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့တွင်းရှိ နေရာများမှာ အထပ်မြင့် အဆောက်အဦး ဆောက်လုပ်တာနဲ့ ပတ်သက်ပြီး အမြင့်ပေ ဘယ်လောက်ထိ ဆောက်လုပ် ရမယ် ဆိုတဲ့ သတ်မှတ်ချက် တွေကို သတ်မှတ် သွားဖို့ အတွက် ကိုလည်း အစီအစဉ်များ ရေးဆွဲနေတုန်း ဖြစ်တယ်လို့ သိရပါတယ်။

ဒါတင်မကဘဲ စိတ်ငြိမ်နေရာများ အဖြစ် ပြုလုပ် ဆောင်ရွက် သွားဖို့အတွက် ကိုလည်း ရွှေတောင်ကြား ရပ်ကွက် အင်းယားမြိုင် ရပ်ကွက်နဲ့ ရန်ကင်း မြို့နယ်မှ ငွေကြာယံ ရပ်ကွက် အစရှိတဲ့ နေရာတွေမှာ ပြုလုပ် သွားဖို့ အကြမ်းဖျင်း ဆွေးနွေး ထားပြီး စိတ်ငြိမ်ဇုန် ကိုတော့ သတ်မှတ်မှုတွေ မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။ ဒီလို အစိမ်းရောင် နယ်မြေ၊ စိတ်ငြိမ် နယ်မြေနဲ့ အထပ်မြင့် အဆောက်အဦး ကင်းမဲ့နယ်မြေများ အဖြစ် ဆောင်ရွက်မှုများကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အစိုးရဌာနများမှ တာဝန်ရှိသူများနဲ့ ပုဂ္ဂလိက ဗီသုကာ ပညာရှင်များက ဆွေးနွေးပြီး ပြုလုပ် ဆောင်ရွက်တာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့