Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 27 August 2013

ဥက္ကံမြို့ ဆူပူအကြမ်းဖက်မှုမှ တရားခံများအား ပြစ်ဒဏ်ချမှတ်

တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင်ဖြစ်ပွါးခဲ့သော ဆူပူအကြမ်းဖက်မှုများနှင့်
ပတ်သက်၍ ဥက္ကံနယ်မြေ ရဲစခန်း(ပ) ၁၁၄/၂၀၁၃၊ ပုဒ်မ ၄၃၆/၁၁၄ဖြင့်
အမှုဖွင့်အရေးယူထားရှိခဲ့သည့် အမှုမှတရားခံ များဖြစ်သော စိန်ဟန်(ဘ)ဦးဖိုးဟန်၊ဥက္ကံမြို့၊ ၀င်းသန်း (ဘ)ဦးဖိုးထောင်၊ ဥက္ကံမြို့ နှင့် ကြည်ခိုင်စိုး(ခ)ကုလား(ဘ)ဦးငြိမ်းရွှေ ၊ ဥက္ကံမြို့နေသူတို့(၃)ဦးအား ဥပဒေအကြံပြုချက်အရ ပုဒ်မ ၄၃၆/၄၄၀/၃၄ ဖြင့် တိုက်ကြီးမြို့နယ်
တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ၂၃.၈.၂၀၁၃ ရက်နေ့တွင်
တိုက်ကြီးမြို့နယ်တရားရုံးမှ တရားခံ စိန်ဟန်အား ပုဒ်မ ၄၄၀/၃၄ အရ အလုပ်နှင့်ထောင်ဒဏ်(၅)နှစ်၊ တရားခံ ၀င်းသန်းအား ပုဒ်မ ၄၃၆/၃၄အရ အလုပ်နှင့်ထောင်ဒဏ်(၇)နှစ်၊ တရားခံ ကြည်ခိုင်စိုးအား
ပုဒ်မ ၄၄၀/၃၄အရ အလုပ်နှင့်ထောင်ဒဏ်(၅)နှစ်နှင့် ပုဒ်မ ၄၃၆/၃၄
အရ အလုပ်နှင့်ထောင်ဒဏ်(၇)နှစ်အား တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့