Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 August 2013

ရုရှားနိုင်ငံတွင် ရေကြီးမှုများ ဖြစ်ပေါ်


ရုရှားနိုင်ငံ အရှေ့ပိုင်းရှိ ဒေသတွေမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နေတဲ့အတွက် ပြည်သူ တစ်သိန်းခန့်ကို ဘေးလွတ်ရာသို့
ပြောင်းရွှေ့ပေးရမယ့် အနေအထားနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ပြည်သူ သုံးသောင်းကျော်နဲ့ နေအိမ် ငါးထောင်ကျော်ဟာ ရေဘေး သင့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး ဒေသခံပြည်သူ တစ်သောင်း ခုနစ်ထောင် ခန့်ကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ 

တံတားတွေဟာလည်း ရေအောက် နစ်မြှုပ်သွားခဲ့တဲ့ အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ရေဘေးသင့်ဒေသမှ ပြည်သူ သုံးသောင်း ကိုလည်း လှေအစီး ငါးထောင်နဲ့ ရဟတ်ယာဉ် တစ်စင်းကို အသုံးပြုပြီး ကယ်ဆယ်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

ရေကြီးမှု အခြေအနေတွေကြောင့် အကာအကွယ်အဖြစ် သဲအိတ်တွေကို ထားရှိကာ ရေဘေးသင့်ဒေသတွေရဲ့ အခြေအနေကို စောင့်ကြည့် လျက်ရှိပြီး ထောက်ပံ့ရေး ပစ္စည်းတွေကိုလည်း ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရေကြီး မှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ အူရောင်ငန်းဖျား ရောဂါနဲ့ အသည်းရောင် ရောဂါတွေကို မဖြစ်ပွားစေဖို့အတွက် ရေကို ကျိုချက်သောက် သုံးကြဖို့ ဒေသခံ ကျန်းမာရေး အာဏာပိုင်တွေက ပြည်သူတွေကို တိုက်တွန်း နှိုးဆော်ထားကြောင်း သိရပါတယ်။
 


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့