Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 August 2013

အီဂျစ်သမ္မတဟောင်း မူဘာရက်ခ် အကျဉ်းထောင်မှ မကြာမီလွတ်မြောက်တော့မည်


အကျဉ်းချခံနေရတဲ့ အီဂျစ်သမ္မတဟောင်း Hosni Mubarak ဟာ မကြာမီအချိန်အတွင်းမှာပဲ ပြန်လည် လွတ်မြောက်လာတော့မယ်လို့
သိရပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က သမ္မတဟောင်း မူဘာရက်ခ်ရဲ့ ပြစ်ဒဏ်ကာလဟာ မကြာခင်မှာ ပြီးဆုံးတော့မှာ အီဂျစ် တရားရုံးတစ်ရုံးက ထုတ်ပြန်ခဲ့ပြီး အဲဒီ့ထုတ်ပြန်ချက်ဟာ မူဘာရက်ခ်ရဲ့ ပြစ်ဒဏ်နဲ့ ပက်သက်ပြီး အစိုးရေ ရှ့နေတွေ ရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေအပြီးမှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အသက် ၈၅နှစ် အရွယ်ရှိ နေပြီဖြစ်တဲ့ သမ္မတဟောင်း မူဘာရက်ခ်ဟာ အကျင့်ပျက်ခြားမှုကြောင့် ၂၀၁၁ခုနှစ် ဧပြီလက အကျဉ်းချခံခဲ့ရတာဖြစ်ပြီး ၊ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းကတော့ ၎င်းရဲ့ ဥပဒေစည်းမျဉ်းတွေကို ဆန့်ကျင်ခဲ့ သူ ထောင်ပေါင်း များစွာကို သတ်ဖြတ်ခဲ့တဲ့အတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအဖြစ် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပါတယ်။ မူဘာရက်ခ်ကို မကြာမီ ပြန်လွှတ်ပေးမယ်ဆိုတဲ့ အလားတူ ကြေညာချက်မျိုး ယခင်ကလည်း ထွက်ပေါ်ခဲ့ဖူး ပါတယ်။

မော်စီကို ရာထူးမှဖယ်ရှားပြီး နောက်ပိုင်း နိုင်ငံတွင်းပဋိပက္ခတွေ ဖြစ်ပွားနေချိန်မှာ ယခင်သမ္မတဟောင်း မူဘာရက်ခ် မကြာခင် လွတ်မြောက် လာတော့မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာမှုဟာ လက်ရှိနိုင်ငံတွင်းက ပဋိပက္ခ အခြေအနေတွေ ကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း သိရပါတယ်။
 


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့