မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး အရေးကြီးသလိုပဲ ဖွဲ့စည်းပုံနဲ့အညီ လိုက်နာဆောင်ရွက် အကောင်အထည် ဖော်သွားဖို့ကလည်း အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ ဂျော့ခ်ျတောင်း တက္ကသိုလ်က ပါမောက္ခ ဒေးဗစ်စတိုင်းဘတ်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ ကနဦး ခြေလှမ်းတရပ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာစိစစ်ရေး လွှတ်တော်ကော်မတီက သြဂုတ်လ ၂၃ ရက်နေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးမှာ အဓိက ဘယ်အရာတွေက စိန်ခေါ်မှုတွေ ဖြစ်နေတာပါလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
အငြင်းပွားစရာတွေ ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးမှာ လက်ရှိ စစ်တပ်ရဲ့ ပါဝင်မှုအခန်းကဏ္ဍက စိန်ခေါ်မှု တရပ်အဖြစ် ရှိနေတာ ငြင်းစရာမရှိသလို ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ထည့်သွင်းစဉ်းစားစရာတွေ အများကြီးရှိနေတယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ ဂျော့ခ်ျတောင်း တက္ကသိုလ်က ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်က ပြောပါတယ်။ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး သာမက ဥပဒေတွေကို ဘယ်လောက်ထိ လက်တွေ့ အကောင်အထည်ဖော်နိုင်သလဲ ဆိုတဲ့ ကိစ္စကလည်း အရေးကြီးတယ်လို့ သူက ဆိုပါတယ်။
“သေချာတာကတော့ စစ်တပ်က သူ့ရဲ့ အခန်းကဏ္ဍ၊ သူ လုပ်ဆောင်ချင်တဲ့ အရာတွေကို ဖွဲ့စည်းပုံထဲမှာ အခိုင်အမာ ပြဌာန်း နေရာယူထားပြီးသား ဖြစ်ပါတယ်။ ဆိုတော့ ဒီလို ပြဌာန်းထားတဲ့အတွက် လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်၊ ဒေသတခုချင်းစီရဲ့ လွတ်လပ်ခွင့်တွေ ပိုပြီး ရလာဖို့ဆိုတာ မလွယ်ပါဘူး။ ဥပမာ ဆင်ဆာတည်းဖြတ်ခွင့် ဖယ်ရှားပေးလိုက်တာမျိုးလောက်နဲ့ မပြီးသွားပါဘူး။ လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့် ရှိဖို့ ဆိုတဲ့ ကိစ္စတွေကလည်း အရေးကြီးပါတယ်။ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ကတော့ အများကြီးပါ။ ဖွဲ့စည်းပုံပါ ဥပဒေတွေကို လက်တွေ့ အကောင်အထည်ဖော် သွားနိုင်ဖို့ကလည်း အရေးကြီးပါတယ်။”
အရင်အစိုးရလက်ထက် ရေးဆွဲ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိနေတာမှာ ဖွဲ့စည်းပုံအရ ဘယ်လိုလူတွေသာ သမ္မတ နဲ့ ဒုသမ္မတ ဖြစ်ခွင့်ရှိတယ်ဆိုတဲ့ ပြဌာန်းချက်တွေကိုသာ လူတွေက ထောက်ပြဝေဖန်နေကြသလို တကယ်တော့ ဒီအချက်တွေအပြင် တခြားအရေးပါတဲ့ ထောက်ပြစရာ အချက်တွေ အများအပြား ရှိနေတာ ဖြစ်တယ်လို့လည်း မစ္စတာစတိုင်းဘတ်က ထောက်ပြပါတယ်။
“ဘယ်ဖွဲ့စည်းပုံ မဆို လိုအပ်ရင် ပြင်ဆင်နိုင်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဖွဲ့စည်းပုံ ဆိုရင် အသစ်ဖြစ်ရုံသာမက ဒီဖွဲ့စည်းပုံကို ဘယ်လို အတည်ပြုထားသလဲ ဆိုတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ရှိနေတဲ့ ဖွဲ့စည်းပုံပါ။ ဆိုတော့ ဒီ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ပြဿနာတွေ အများကြီး ရှိနေတာပါ။ ဒီအထဲမှာ ဘယ်သူတွေ သမ္မတ၊ ဒုသမ္မတတွေ ဖြစ်ခွင့်ရှိတယ်၊ လွှတ်တော်ထဲမှာ တပ်မတော်သားတွေ ပါဝင်ခွင့်၊ ဘယ်လောက်များများ ပါဝင်နေတယ် စသဖြင့် ပြဿနာတွေ ရှိပါတယ်။ ဒါပေမဲ့ တခြား ဒီ့ထက်အရေးပါတဲ့ ထောက်ပြစရာ အချက်တွေ လည်း အများကြီးပါ။ ဥပမာ တိုင်းဒေသတွေနဲ့ ပြည်နယ် လွှတ်တော်တွေ အနေနဲ့ လုပ်ပိုင်ခွင့်တွေ ဘယ်လောက်အထိ ပေးထားလဲ။ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို ပိုပြီးတော့ ပေးထားသင့်သလား။ ဒီလိုပေးမှုက ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်မလဲ။ လူနည်းစုတွေရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုတွေနဲ့ ပတ်သက်လို့ ဘာတွေ သတ်မှတ်ပြဌာန်း ထားသင့်သလဲ။ စတဲ့ အရေးပါတဲ့ ထည့်သွင်းစဉ်းစားရမယ့် အကြောင်းအရာတွေ ရှိပါတယ်။”
လွှတ်တော်တွင်း တပ်မတော်သားတွေကို နေရာပေးထားတဲ့ကိစ္စ အပါအဝင် မေးခွန်းထုတ်စရာ ဖြစ်နေတဲ့ မြန်မာ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ပထမခြေလှမ်းတရပ် အနေနဲ့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ၂ဝဝ၈ ခုနှစ်အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ ဟာ သြဂတ်စ်လ ၂၃ ရက်နေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ပြည်ထောင်စု လွှတ်တော်ကနေ ဒီကော်မတီကို လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေ အတည်ပြုနိုင်ဖို့ အတွက် ကော်မတီအတွင်း ပြင်ဆင်စရာ ရှိတာတွေကို အဓိက ဆွေးနွေးတာဖြစ်သလို ကော်မတီ အတွင်းရေးမှူးနဲ့ အထွေထွေ အတွင်းရေးမှူးတွေကိုလည်း ရွေးချယ်ခဲ့ကြတယ်လို့ ကော်မတီ အဖွဲ့ဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီလွှတ်တော်ကော်မတီ အနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဘယ်လောက်အထိ အကြံ ပြုနိုင်မလဲ၊ သူတို့ရဲ့ အကြံပြုချက်တွေကို လွှတ်တော်ကို ဘယ်အချိန်မှာ တင်သွင်းလာနိုင်မလဲဆိုတာလည်း သေချာ မသိရသေးပါဘူး။ ဝေဖန်သူတွေကတော့ ဒီလွှတ်တော်အနေနဲ့ ဖွဲ့စည်းပြီးကတည်းက ဘာလုပ်ဆောင်ချက်မှ သေသေချာချာ လုပ် မပြနိုင်သေးတဲ့အပေါ်မှာ ထောက်ပြ ဝေဖန်နေကြတာဖြစ်ပါတယ်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Sunday, 25 August 2013
ဖွဲ့စည်းပုံပြင်ပြီး လိုက်နာအကောင်အထည် ဖေါ်ဖို့လည်း အရေးကြီး
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
August
(507)
- ၆ နှစ်သားမျက်လုံး အရှင်လတ်လတ် ဖောက်ခိုး
- သြဂုတ်လ (၃၁)ရက်နေ့ ထုတ် Net Guide Journal Vol 2 Is...
- ဆီးရီးယား အရေး လုံခြုံရေးကောင်စီ တင်ပြီ
- နှောင်းခဲ့လေသည့် ဂုဏ်ပြုလွှာ
- ၀ယ်သူသာလျှင် အမြဲမှားသည့် ဟန်းဆက်ဆိုင်တို့ ပေါ်လစီ
- ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများကို ရိက္ခာလှေ...
- အလုပ်သမားများအား အလုပ်ခန့်ထားမှု ဆိုင်ရာ စာချုပ်ပျက...
- ဆွမ်းခံကြွ သံဃာ သုံးဘီးဆိုင်ကယ် တိုက်၍ ပျံလွန်
- တောင်ဥက္ကလာတွင် အမျိုးသမီး၏ပါးကို ဓားဖြင့်လှီးခဲ့သူ...
- အမေရိကန် Money Gram ငွေလွှဲ ကုမ္ပဏီ ဝန်ဆောင်မှု စတင်
- ကျောက်မျက် စခန်းတွင် ကျောက်မျက်အတု လိမ်ရောင်းသူ ပိ...
- မြင်းခြံတွင် ဆိုလာစက်ရုံတည်ရန် အမေရိကန်ကုမ္ပဏီနှင့်...
- ရဲဝန်ထမ်းများ လစာနည်းခြင်း လာဘ်ပေးလာဘ်ယူ ဖြစ်စေ
- မျက်နှာဖုံးစွပ် လူသတ်သမားများအမှု လုံခြုံရေး အခြေအေ...
- ရန်ကုန်-ဒလ တံတားတည်ဆောက်ရေး မြေသားစမ်းသပ်မှု စတင်
- ရန်ကုန်မြေ ၈ဝ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်မှု မမှန်ကန်
- ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်နှင့် စီမံခန့်ခွဲမှုများ ...
- ပြည်ပ ကုမ္ပဏီနှစ်ခု လုပ်ငန်း စတင်နိုင်ရန် ဆက်သွယ်ရေ...
- အလုပ်ချိန် ပိုခိုင်းသော အလုပ်ရှင်များကို အစိုးရက တ...
- ဆရာ-ဆရာမတွေကို ဘယ်က္ကုန္ဒာကမှ ကြိမ်တံပြာ မဆက်သခဲ့
- » မြန်မာ-ထိုင်းနယ်စပ်စခန်းများမှ Passport/Visa ဖြင...
- သမ္မတဟောင်း ဦးနေဝင်း သမီးပိုင် နဝရတ် ဟိုတယ်ကို ကြွေ...
- ကမ္ဘာ့ဘဏ်က ဒေါ်လာ ၂၆၁ သန်း ပထမဆုံးအကြိမ် ပြန်ချေးမည်
- » ပြည်သူ့ရင်ပြင်ပန်းခြံအတွင်းရှိ ကလေးရေကစားကန်အတွင...
- စစ်ရေးသုံးတာဟာ အားဆာ့တ်ကို ဖြုတ်ဖို့ မဟုတ်
- ဆီးရီးယားကို ဝင်ဖို့ ကန်တပ်တွေ အသင့်ဖြစ်
- ဆီးရီးယားအပေါ် တုံ့ပြန်ဖို့ သမ္မတအိုဘားမား ဆုံးဖြတ်
- ယာဉ်မောင်း၏ မဆင်မခြင်မှုကြောင့် အမျိုးသမီးတစ်ဦး ဓာတ...
- ရွှေတိဂုံစေတီတော်ပုံ ကုန်အမှတ်တံဆိပ် သိမ်းဆည်းမည်
- ထိုင်းမြန်မာနယ်စပ်မှာ နိုင်ငံတကာဂိတ်ဖွင့်
- ရန်ကုန်မှာလည်း လုံခြုံရေး တိုးမြှင့်ထား
- ရန်ကုန်မြို့မှာ လမ်းလျှောက်ဆန္ဒပြသူတချို့အဖမ်းခံရ
- ဖျာပုံမြို့နယ်အတွင်း လယ်သမား (၁၀) ဦး ဖမ်းဆီးခံရ
- သြဂုတ်လ (၃၀)ရက်နေ့ ထုတ် The Hot News Weekly Journa...
- သြဂုတ်လ (၂၆)ရက်နေ့ ထုတ် စီးပွားရေး သတင်းဂျာနယ် အတွ...
- ကုလသမဂ္ဂ ရုံးချုပ်ကို အမေရိကန် ထောက်လှမ်းရေး ကြားဖြ...
- အခြေခံပညာကျောင်းများ အင်္ဂလိပ်စာအဆင့်မြှင့်သင်ရိုး လ...
- ထီထိုးသူ များလာသောကြောင့် စက်တင်ဘာမှ စတင်ပြီး အက္ခရ...
- သြဂုတ်လ (၂၉)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ(၁၄) အမ...
- သြဂုတ်လ (၂၈)ရက်နေ့ ထုတ် Mobile Guide Journal ( Vol...
- အမေရိကန် နိုင်ငံသား ဓာတ်ပုံဆရာ တစ်ဦး အစ္စလာမ်မစ် စစ...
- မလေးရှားရောက် မြန်မာ ၄၅ဝဝဝ UNHCR ကဒ်ပြားရရှိကြမည်
- ရေအိုင်ထဲကျနေသော ဓာတ်ကြိုးကိုင်မိရာမှ ကလေးနှစ်ဦးသေ
- အနှိပ်ခန်းတွင် ရဲနှစ်ဦး ၀ိုင်းရိုက်ခံရ
- ရေတပ်စခန်း သိမ်းယူထားသော ဒလရှိ လယ်ဧက ၅ဝဝမှ လယ်သမား...
- မောင်တောနယ်စပ်တွင် အကြမ်းဖက်မှုကျူးလွန်ပြီး ထွက်ပြေ...
- မလေးရှားရောက် တရားမဝင် လုပ်သားများကို ရက်ပိုင်းအတွ...
- ရွှေတိဂုံလုံခြုံရေး အင်အားတိုးမြှင့်
- ဥက္ကံမြို့ ဆူပူအကြမ်းဖက်မှုမှ တရားခံများအား ပြစ်ဒဏ်ခ...
- » ပြည်မြို့ မြောက်န၀င်းဆည် နယ်နိမိတ်အတွင်းရှိ နေအိ...
- ချဲထီနှင့် လောင်းကစား လုပ်ငန်းများ နှိမ်နင်းရန် သမ...
- တောင်ဥက္ကလာပမြို့နယ် လုံခြုံရေး အရေးပေါ် တိုးမြှင့်
- ကန့်ဘလူမြို့ ပုဒ်မ ၁၈၈ ထုတ်
- ဗီဇာကုန်မြန်မာအလုပ်သမားအရေး မြန်မာသံရုံးနှင့် မေြး...
- ၂၀၁၅ မတိုင်မီ ကျေးလက်နေ မြေယာမဲ့များ မြေယာ ပိုင်ဆိ...
- ထိုင်းတွင် ဗီဇာ သက်တမ်းကုန် မြန်မာများ တရားဝင် ဆက်...
- မျှတတဲ့အရေးယူ အပြစ်ပေးမှု ဟုတ်ပါရဲ့လား
- ကန့်ဘလူဆူပူမှုအတွက် လူ ၁၂ ယောက်ကိုဖမ်းဆီး
- ဆီးရီးယား အရေး အမေရိကန် ရေတပ် လွှတ်ပြီ
- စင်္ကာပူရောက် မြန်မာတွေ ပြည်တွင်းမှာ အလုပ်အကိုင်လျော...
- အဓမ္မမှုအတွက် သံသယရှိသူနောက်တဦး အိန္ဒိယဖမ်းဆီး
- ရဲချုပ်ဟောင်း လိမ်ညာတယ်လို့ ဘိုရှီလိုင်းချေပ
- မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူ...
- ကန့်ဘလူ ပဋိပက္ခ ဓါတ်ပုံများ
- ဆိုင်ကယ်စီးနင်းသူများကို ထောင်သုံးနှစ်ချမည်ဟုဆို
- ကန့်ဘလူတွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သော မီးရှို့...
- ကျုံးပတ်လည်တွင် ဓားဖြင့်အကြောင်းမဲ့ လိုက်ခုတ်သူ က...
- ကားဘီးပေါက်၍ ယာဉ်တိမ်းမှောက်သဖြင့် လူ(၁၀)ဦးဒဏ်ရာရ
- ထန်းကုန်းတွင် ယနေ့မနက်အခြေအနေ တည်ငြိမ်လျက်ရှိ
- လုပ်ငန်းငယ် စမယ်ဆိုရင် မှတ်ပုံတင်ကြေးမယူဘဲ သုံးနှစ...
- မိုဘိုင်းလ်ဆင်းမ်ကတ်များ အရေအတွက် အကန့်အသတ်ဖြင့်သာ...
- စက်မှုဇုန် မြေကွက် လေလံပစ်ဖို့ရှိ
- ဆန်တင်ကုန်ကားတိုက်၍ လူနှစ်ဦးသေဆုံး
- ကန့်ဘလူမြို့နယ်တွင်းမှာ မီးရှို့မှုဖြစ်
- လီဆူးနဲ့ ရဝမ် တိုင်းရင်းသားဝန်ကြီးမထားဖို့ အဆိုပြုမည်
- ကင်ဆာတိုက်ဖျက်မယ့်ဆေး ရှာတွေ့ပြီ
- မုံးထဆေးရုံ ဆရာဝန်မရှိ၍ လူနာသေဆုံးမှုမြင့်တက်
- ရထားမရပ်မီ ခုန်ချသဖြင့် ခြေချော်ကာ ရထားတိုက်မိသေဆုံး
- » ရေမြုပ်အိမ် ၃၀၀ အတွက် ထမင်းထုပ်ဝေ
- ပန်းဘဲတန်းမြို့နယ်တွင် ပုပ်ပွနေသော အမျိုးသားအလောင်...
- ယာဉ်စည်းကမ်း ချိုးဖောက်မှုကြောင့် အရေးယူ ခံရသော ၉၀ ...
- အစိုးရက မြေဈေး ထိန်းချုပ်တော့မည်
- မြေဈေးနှုန်းများ မြင့်မားမှုကြောင့် ရန်ကုန်-ဒလ တံတာ...
- ရန်ကုန်မြေဈေး ကျဆင်းရန် အစိုးရစတင်လုပ်ဆောင်၊ နေရာ...
- သြဂုတ်လ (၂၂)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှ...
- သြဂုတ်လ (၂၁)ရက်နေ့ ထုတ် Good Health ကျန်းမရေးနှင့်...
- မလေးရှားရောက် တရားမဝင် မြန်မာလုပ်သား တစ်သိန်းခွဲကိ...
- ဖွဲ့စည်းပုံပြင်ပြီး လိုက်နာအကောင်အထည် ဖေါ်ဖို့လည်း ...
- သူငယ်တန်းကျောင်းသူ အဓမ္မပြုကျင့်ခံရမှု ကျောင်းသားမျာ...
- ကလေးစစ်သားဆိုင်ရာ ကုလသမဂ္ဂဆုံးဖြတ်ချက် ဗြိတိန်အရာရှ...
- တပ်မတော်ပိုင်မြေများ ပြန်လည်အပ်နှံရန် ပြည်ထောင်စု ...
- ဖောက်ခွဲရေးသတင်းများကြောင့် နိုင်ငံတစ်ဝန်း လုံခြုံ...
- အင်ဒိုနီးရှား ကျောင်းသူများအား အပျိုစင် စစ်၊ မစစ် ...
- ပြည်နယ်ရဲမှူးကြီး ဦးဝင်းထွန်းမှ အင်းလေးဒေသခံ ရွာသာ...
- မန္တလေးတက္ကသိုလ်အနီး လူ ၁၀ ဦးပါ အုပ်စုလိုက် ဝိုင်းရိ...
- ဆီးဂိမ်းအထိမ်းအမှတ်ဂရက်ဖတီ ကိုအာကာကျော် နေပြည်တော်...
- အမတ်တွေကို ကလေးလို ထိန်းတဲ့ လွှတ်တော်
- စည်ပင်ရေမြောင်း ကျူးကျော် ကွန်ကရစ် ခင်းထားသူ ငါးဦး...
- ကော့သောင်း၊ နယ်စပ်လူဝင်မှု စစ်ဆေးရေး ရေလယ်ရုံး အဆော...
- တရားလွှတ်တော်ချုပ်ရုံးမှ မှားယွင်းစွာဆုံးဖြတ်သည်ဟု ...
-
▼
August
(507)
No comments:
Post a Comment