Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 August 2013

သြဂုတ်လ ၂၂ ရက်နေ့အတွက် မိုးလေ၀သ ခန့်မှန်းချက်


မြစ်ရေကြီးခြင်း သတိပေးချက် အနေနဲ့ ယမန်နေ့ မြန်မာစံတော်ချိန် ၉ နာရီခွဲ အချိန် တိုင်းထွာချက် အရ ဧရာဝတီ မြစ်ရေဟာ ဟင်္သာတမြို့မှာ အဲ့ဒီမြို့ရဲ့
စိုးရိမ်ရေမှတ်အောက် ၃၈ စင်တီမီတာ ၁.၂ ပေခန့် မှာ ရောက်ရှိ နေပါတယ်။ အဆိုပါ မြစ်ရေဟာ နောက် ၂၄ နာရီအတွင်း အဲ့ဒီမြို့ရဲ့ စိုးရိမ်ရေမှတ်သို့ ရောက်ရှိ နိုင်ပါတယ်။ ယမန်နေ့ မြန်မာ စံတော်ချိန် ၉ နာရီခွဲ အချိန်တိုင်းထွာချက် အရ ဧရာဝတီမြစ်ရေဟာ ဇလွန်မြို့မှာ အဲ့ဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၆၁ စင်တီမီတာ ၂ ပေခန့်မှာ ရောက်ရှိနေ ပါတယ်။

အဆိုပါ မြစ်ရေဟာ နောက် ၂၄ နာရီအတွင်း အဲ့ဒီမြို့ရဲ့ စိုးရိမ် ရေမှတ်သို့ ရောက်ရှိ နိုင်ပါတယ်။ ယမန်နေ့ မြန်မာ စံတော်ချိန် ၉ နာရီခွဲအချိန် တိုင်းထွာချက် အရ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ အဲ့ဒီမြို့ရဲ့ စိုးရိမ် ရေမှတ်အောက် ၈၀ စင်တီမီတာ ၂.၆ ပေခန့်မှာ ရောက်ရှိနေ ပါတယ်။ အဆိုပါ မြစ်ရေဟာ နောက် ၂၄ နာရီအတွင်း အဲ့ဒီမြို့ရဲ့ စိုးရိမ် ရေမှတ်သို့ ရောက်ရှိ နိုင်ပါတယ်။ ယမန်နေ့ မြန်မာ စံတော်ချိန် ၆ နာရီခွဲ အချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေခဲ့တဲ့ လေဖိအားနည်း ရပ်ဝန်းဟာ အိန္ဒိယနိုင်ငံ၊ သြရိဿ မြောက်ပိုင်း ကမ်းခြေသို့ ဖြတ်ကျော် ၀င်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။

ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော် တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန် ကောင်းနေ ပါတယ်။ ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနဲ့ ကယားပြည်နယ် တို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းနဲ့ ချင်းပြည်နယ် တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်း ဒေသကြီးနဲ့ ပြည်နယ် တို့မှာ နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် တို့မှာ ဒေသအလိုက်နဲ့  ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ် တို့မှာ နေရာကွက်ပြီး မိုးကြီး နိုင်ပါတယ်။

မနက်ဖြန် အတွက် ခန့်မှန်းချက် ကတော့ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေမှာ မိုးဆက်လက် ပိုနေပါမယ်။ နေပြည်တော်နဲ့ အနီး တစ်ဝိုက်နဲ့ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက် တို့အတွက် ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်း ရွာပါမယ်။ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက် အတွက် ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့ နေရာ ကွက်ကျား မိုးထစ်ချုန်း ရွာပါမယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့