Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 August 2013

စတင်ရောင်းချနေပြီဖြစ်သည့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲလက်မှတ်များ


၂၀၁၄ ခုနှစ်၊ ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်များကို စတင်ရောင်းချနေပြီဖြစ်တယ်လို့
သိရပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာအနေနဲ့ လက်မှတ်များကို သြဂုတ်လ ၂၀ ရက်နေ့က စတင်ရောင်းချနေတာဖြစ်ပြီး သတ်မှတ်ထားတဲ့ နေရာများနဲ့ ဖီဖာရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်တို့မှာ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ ယခုလက်မှတ်များမှာ စုစုပေါင်းအရေအတွက် ၃.၃ မီလီယံအထိရှိပြီး လက်မှတ်ဈေးနှုန်းများကိုလည်း အဆင့်ဆင့်သတ်မှတ်ထားပါတယ်။ အုပ်စုအတွင်း ပွဲစဉ်များအတွက် တစ်ပွဲကို ၅၈ ပေါင်သတ်မှတ်ထားပြီး အုပ်စုအတွင်း ပွဲစဉ်အားလုံး အတွက် ၆၃၂ ပေါင်အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ဒါပေမယ့် ဘရာဇီးပြည်တွင်းကျောင်းသား တွေနဲ့ အစိုးရ၀န်ထမ်းတွေအတွက်ကို တစ်ပွဲ ၂၃ ပေါင်သာ သတ်မှတ်ပေးထားပါတယ်။

အုပ်စု အတွင်းပွဲစဉ်များလက်မှတ်များဟာ အနည်းဆုံးအဖြစ် ၅၈ ပေါင်ဖြစ်ပြီး အများဆုံးအဖြစ် ၁၁၂ ပေါင်အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ဖီဖာအနေနဲ့ ယခုလို ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ လက်မှတ်များကို စတင်ရောင်းချတဲ့ လက်မှတ်အရေအတွက် ၃.၃ မီလီယံဟာ ၂၀၀၆ ခုနှစ်က စုစုပေါင်းရောင်းချတဲ့ လက်မှတ်အရေအတွက်ဖြစ်ပြီး ၂၀၁၀ ကမ္ဘာဖလားပြိုင်ပွဲမှ လက်မှတ်အရေအတွက်ထက်လည်း များပြားတာဖြစ်ပါတယ်။ ဖီဖာမှ တာဝန်ရှိသူများဟာ ယခုရောင်းချနေတဲ့ လက်မှတ်အရေအတွက်ကို အောက်တိုဘာလကုန်ပိုင်းမှာ အလုံးစုံရောင်းချနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ယခုလိုမျှော်လင့်နေတာဟာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် လက်မှတ်အများဆုံး ရောင်းချနိုင်ဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် လက်မှတ်ခွဲတမ်းရောင်းချမှုမှာလည်း ဥရောပနိုင်ငံများမှ အနည်းဆုံးပေါင် နှစ်ထောင့်ကိုးရာ ကျော်မှ အများဆုံး ပေါင် တစ်သောင်း လေးထောင် ကျော်အထိ ရရှိနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဖီဖာမှ တာဝန်ရှိသူတွေဟာ ဘရာဇီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ ကျင်းပပြီးစီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲများထက် လက်မှတ်အရေအတွက် ပိုမိုရောင်းချနိုင်ဖို့  မျှော်လင့်နတာဖြစ်ကြောင်း သိရှိရပါတယ်။ 

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့