Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 28 August 2013

ရန်ကုန်မြေ ၈ဝ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်မှု မမှန်ကန်

ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ရှိ မြေရှစ်ဆယ် ရာခိုင်နှုန်းခန့်မှာ ပိုင် ဆိုင်မှု မမှန်ကန်ခြင်းများဖြစ်နေကြောင်း စည်ပင်သာယာရေး ကော်မတီမှ သိရ သည်။

မြေပိုင်ဆိုင်မှု မမှန်ကန်ဟု ဆိုလို ရင်းမှာ ရန်ကုန်စည်ပင်၌ အမည်ပေါက် နေသော ပိုင်ရှင်နှင့်လက်ရှိတွင် နေထိုင် နေသည့် ပိုင်ရှင် မတူညီခြင်း ဖြစ်သည်။ ယင်းကဲ့ သို့ ဖြစ်ပွားခြင်းမှာ မြေယာကို လက်ဆင့် ကမ်း ရောင်းချရာတွင် စည် ပင်သာယာသို့ အမည်ပေါက်လာရောက် ပြောင်း လဲခြင်းမရှိဘဲ အရပ်စာချုပ်များ ဖြင့်သာ ဝယ်ယူေ ရာင်းချခြင်းများေ ကြာင့် ဖြစ်ကြောင်း ရန်ကုန်စည်ပင်မှသိရသည်။

မြေအမည်ပေါက် မှန်ကန်မှု မရှိ သဖြင့် ယင်းမြေ၌ အဆောက်အအုံ များ ဆောက်လုပ်ရာတွင်လည်း စည်ပင်သို့ ပါမစ်လာရောက် လျှောက်ထားမှု မရှိ တော့ဘဲ တရား မဝင် ကန်ထရိုက်များဖြင့် ဆောက်လုပ်ရာ တရားစွဲဆို ရသည့် အမှု များ များပြားနေသည်ဟု ရန်ကုန်စည် ပင် အဆောက်အအုံ ဌာနမှ အကြီးတန်း အရာရှိတစ်ဦး က ပြော သည်။

ယင်းကဲ့သို့ အမှုတွဲများ များပြား လာရာ လက်ရှိတွင် ပိုင်ဆိုင်မှု မမှန်ကန် သည့် မြေများ၌ အဆောက်အအုံ ဆောက်လုပ်လိုပါက ရန်ကုန်စည်ပင် သို့ လာရောက်တင်ပြ လျှင် သတင်းစာ ၌ ကြော်ငြာ၍ ကန့်ကွက်သူမရှိက သုံး ထပ် အဆောက်အအုံ အထိ ဆောက် လုပ်ခွင့်ပြုနေသည်ဟု ရန်ကုန်စည်ပင် မှ သိရသည်။

ဆောက်လုပ်ခွင့်ပါမစ် လျှောက် ထားမှုမရှိ၍ တရားစွဲဆိုခံထားရသော အဆောက်အအုံများသည် သင်္ဃန်းကျွန်း မြို့နယ်တွင် အများအပြားရှိပြီး ယခုနှစ် အတွင်း ယင်းမြို့နယ်၌ တရားစွဲဆိုထား မှု ၄၈၄ လုံးရှိပြီဖြစ်ကြောင်း၊ ယင်းတွင် ၄၂၇ လုံးပါမစ်လာရောက် တင်သော် လည်း ၆၃ လုံးသာ ပါမစ်ကျသေးသည် ဟု ရန်ကုန်စည်ပင်၏ စာရင်းများအရ သိရသည်။

”ပါမစ်တင်ပြီး မကျသေးတာက သတင်းစာကြော်ငြာခ လာမသွင်းတာ နဲ့ ဒဏ်ကြေးမဆောင်တာတွေကြောင့် ပါမစ်မထွက်တာ”ဟု အထက်ပါစည်ပင် အရာရှိ က ပြောသည်။
မြို့နယ်တိုင်းရှိ တရားစွဲဆိုခံထား ရသော အဆောက်အအုံများအနေဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့အထိ စီမံ ချက်ကာလအတွင်း ပါမစ် လာရောက် တင်၍ ဒဏ်ေ ကြးငွေ ပေးသွင်းပါက သ တင်းစာတွင် ကြော်ငြာကာ ပါမစ်ချထား ပေးမည်ဟု သိရသည်။ စက်တင်ဘာလ ၁၅ ရက်နေ့ မတိုင်မီ ဒဏ်ကြေးငွေပေး သွင်းမှုကို တစ် စတုရန်းပေပတ်လည် လျှင် နှစ်ထောင်ကျော်သာ ကောက်ခံမည်ဖြစ် ပြီး ယင်းနေ့ကျော်လွန်ပါက ကြိုတင် ဆောက်သူများ ပါမစ်လျှောက်ထားမှု အတွက် ဒဏ်ကြေးငွေကို တစ်စတုရန်း ပေ ပတ်လည်လျှင် ကျပ် တစ်သောင်း ကျော်ကောက်ခံ သွားမည်ဟု သိရသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့