Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 27 August 2013

မောင်တောနယ်စပ်တွင် အကြမ်းဖက်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ တစ်ထောင်ကျော်ရှိနေ

မောင် တောနယ်စပ်ဒေသအတွင်း ဆူပူ အကြမ်းဖက်မှုတွင် ပါဝင်ကျူး လွန်သူများကို သက်ဆိုင်ရာက လိုက်လံဖမ်းဆီးခဲ့ရာ အဖမ်းမခံ ဘဲ ထွက်ပြေးတိမ်းရှောင်နေသူ မှာ ၁၀၀၀ ကျော်ရှိနေကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

ထွက်ပြေးတိမ်းရှောင်နေသူ များအား ဖမ်းဆီးရရှိနိုင်ရေးအ တွက် နယ်မြေခံလုံခြုံရေး တပ်များ က ရှာဖွေဖမ်းဆီးခြင်းများ ပြုလုပ် နေသော်လည်း တိမ်းရှောင်နေသူ များကို ဖမ်းဆီးရရှိမှုမှာ မရှိသ လောက် ဖြစ်နေကြောင်းသိရသည်။

ပြစ်မှုကျူးလွန်ပြီး ထွက်ပြေး လွတ်မြောက်နေသည့်သူများ အား လုံးကို ဖမ်းဆီးရရှိရေးမှာ မောင် တောနယ်စပ်ဒေသအတွက် လွန် စွာအရေးပါနေကြောင်း ကျေးရွာ များနှင့် မောင်တောမြို့ခံများက ပြောသည်။

လက်ရှိ မောင်တောနယ်စပ် တွင် ထွက်ပေါ်နေသည့် လုံခြုံရေး သတိပေးသတင်းများကြောင့် တိမ်းရှောင်နေသူများသည် အ ကြမ်းဖက်အုပ်စုများနှင့် ပူးပေါင်း ကာ မောင်တောနယ်စပ်ဒေသ ကို အချိန်မရွေးပြန်လည်ဒုက္ခပေး နိုင်ကြောင်း မောင်တောမြို့ခံတစ် ဦးက သုံးသပ်ပြောကြားသည်။

သြဂုတ်(၂၅)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့