Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 August 2013

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးတွင် ကြက်ခြေနီ စခန်းသစ် တည်ဆောက် ရန်ရှိ


မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဗဟိုမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးရှိ ၂၈၅ မိုင် ယာဉ်ရပ်နား စခန်းမှာ
ကြက်ခြေနီ စခန်း တည်ဆောက် သွားရန် ရှိတယ်လို့ သိရပါတယ်။ အခုလို ကြက်ခြေနီစခန်း တည်ဆောက်မှုကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာ အမြန် လမ်းမကြီးရှိ ၁၁၅ မိုင် ယာဉ်ရပ်နား စခန်းမှာ တည်ဆောက်ခဲ့ပြီး စင်္ကာပူနိုင်ငံ ကြက်ခြေနီ အသင်းမှ ကူညီထောက်ပံ့ ပေးခဲ့တယ်လို့ သိရပါတယ်။
 
လက်ရှိ အဆိုပါစခန်းမှာ လူနာတင် ယာဉ် ၁ စီး ထားရှိထားပြီး ၂၄ နာရီ ကူညီ ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး ကြက်ခြေနီ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ရန်ကုန်တိုင်း ဒေသကြီး အတွင်း မှာလည်း ၂၄ နာရီ ကူညီ ဆောင်ရွက် ပေးလျက်ရှိပြီး အုပ်ချုပ်မှု ယာဉ် ၁ စီး၊ လူနာတင်ယာဉ် ၄ စီးအပြင် တပ်ဖွဲ့ဝင် အင်အား ၃ သောင်း ကျော်တို့နဲ့ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဆောင်ရွက်လျက် ရှိတယ်လို့ သိရှိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့