Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 August 2013

MAPCO မှ ဆိပ်ကမ်း တည်ဆောက်ရန် တင်ဒါခေါ်ယူမှုအား ပြည်ပ ကုမ္ပဏီများမှ လာရောက် လျှောက်ထားမှု များပြားလျက်ရှိ


မြန်မာနိုင်ငံ အများပိုင် ဆန်စပါး အသင်း MAPCO မှ သီလ၀ါ ဆိပ်ကမ်းမှာ ကိုယ်ပိုင် ဆိပ်ကမ်း တည်ဆောက်ဖို့ တင်ဒါ ခေါ်ယူရာမှာ ပြည်ပ ကုမ္ပဏီများမှ
လာရောက် လျှောက်ထားမှု များပြား နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ဆိပ်ကမ်း တည်ဆောက်ဖို့ တင်ဒါ လျှောက်ထားရာမှာ ပြည်ပနိုင်ငံများ ဖြစ်တဲ့ တရုတ်၊ စင်္ကာပူ၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့မှ အများဆုံး လာရောက် လျှောက်ထားတာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ဒီလို လာရောက် လျှောက်ထားရာမှာ ကုမ္ပဏီ ၁၄ ခုရှိပြီး တရုတ်နိုင်ငံမှ ကုမ္ပဏီ အများဆုံး ပါဝင်တယ်လို့ သိရပါတယ်။ ဒီလို ဆိပ်ကမ်း တည်ဆောက်ရာမှာ MAPCO အနေနဲ့ ပြည်ပကို ဆန်များ တင်ပို့ရာမှာ ကိုယ်ပိုင် ဆိပ်ကမ်း မရှိတဲ့ အတွက် Asia World သီလ၀ါ အစရှိတဲ့ ဆိပ်ကမ်းတွေကို ယခု လက်ရှိမှာ ငှားရမ်း အသုံးပြုရတာ ဖြစ်ပါတယ်။ အဲ့ဒီလို ကိုယ်ပိုင် ဆိပ်ကမ်း မရှိတဲ့ အတွက် ဆန်တင်ပို့ရာမှာ ဖြစ်ပေါ်တဲ့ အခက်အခဲ တွေကို ပြေလည်စေဖို့ သီလ၀ါ ဆိပ်ကမ်းမှာ ကိုယ်ပိုင် ဆိပ်ကမ်း တစ်ခု တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒီလို တည်ဆောက်ရာမှာ လက်ရှိ ဆိပ်ကမ်းရဲ့ဘေးမှာ နှစ်ခုတွဲလျက်အဖြစ် တည်ဆောက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကိုယ်ပိုင် ဆိပ်ကမ်း မှာတော့ ပြည်ပကို ဆန်တင်ပို့နိုင်ဖို့ သာမကဘဲ တန်းမြှင့် ဆန်နဲ့ လယ်ယာ ထွက်ကုန် ပစ္စည်းများ ပါတင်ပို့နိုင်ဖို့ အတွက် ဂိုဒေါင်များ၊ ဆန်အခြောက်ခံ စက်များကိုပါ ထားရှိ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ပြည်ပ ကုမ္ပဏီ ၁၄ ခုမှ တင်ဒါ လျှောက်ထားမှု တွေကို ရွေးချယ် စိစစ်မှုများ ပြုလုပ်ဖို့ စတင် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့