Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 25 August 2013

တပ်မတော်ပိုင်မြေများ ပြန်လည်အပ်နှံရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့တင်ပြ

 နေပြည်တော်  သြဂုတ်  ၂၃

ပထမအကြိမ်  ပြည်ထောင်စု လွှတ်တော် သတ္တမပုံမှန်အစည်း အဝေး၌     လယ်ယာမြေနှင့်အခြား မြေများသိမ်းဆည်းခံရမှုများကြောင့်  ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏  အစီရင်ခံစာ အပိုင်း(၁) တွင်ပါဝင်သော တပ်မတော် နှင့် သက်ဆိုင်သော  တိုင်ကြားစာ (၆၅၅)စောင်နှင့် ပတ်သက်၍ ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ၁၆-၇-၂ဝ၁၃ ရက်နေ့အထိ တိုင်ကြားစာ ၄၈၈ စောင်အား စိစစ်ဆောင်ရွက်ခဲ့ပြီး မြေဧရိယာ ၁၈၃၆၄ ဒသမ ၄၉ ဧကအား  ပြန်လည်စွန့်လွှတ်ပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်သည်။

၂ဝ၁၃ ခုနှစ် သြဂုတ်လ၈ ရက်နေ့ အထိ  တိုင်ကြားစာ ၁၁၃ စောင်အား ထပ်မံစိစစ်နိုင်ခဲ့သဖြင့် ယခင်စိစစ်ပြီး ၄၈၈ စောင်အပါအဝင်  စုစုပေါင်း ၆ဝ၁ စောင်ဖြစ်ပြီး ပြန်လည်စွန့်လွှတ် ပေးနိုင်မည့် မြေဧရိယာပေါင်း ၃၇၅၄၆ ဒသမ ၉၆ ဧကဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများ ၏   နယ်မြေဒေသအလိုက်  ပြန်လည် စွန့်လွှတ်ပေးမည့် မြေဧရိယာများ မှာ ကချင်ပြည်နယ် ၅၁ ဒသမ ၉၂ ဧက၊ ကယားပြည်နယ် ၁၈၃၆ ဒသမ ၈၆ ဧက၊ စစ်ကိုင်းတိုင်း ဒေသကြီး ၁၉၂၁၉ ဒသမ ၇၂ ဧက၊ ပဲခူးတိုင်းဒေသကြီး ၁၁၁၇ ဒသမ ဝ၆ ဧက၊ မကွေးတိုင်း ဒေသကြီး ၅၃၇၉ ဒသမ ဝ၃ ဧက၊ မန္တလေးတိုင်းဒေသကြီး ၃၇၄၂ ဒသမ ၆၉ ဧက၊ မွန်ပြည်နယ် ၆၂ ဒသမ ၂၇ ဧက၊ ရခိုင်ပြည်နယ် ၁၇၈၂ ဒသမ ၂ဝ ဧက၊ ရန်ကုန်တိုင်းဒေသကြီး ၂ဝ၅ ဒသမ ဝဝ ဧက၊  ရှမ်းပြည်နယ် ၃၃၂၆ ဒသမ ဝ၃ ဧက၊ ဧရာဝတီတိုင်းဒေသကြီး ၈၂၄ ဒသမ ၁၈  ဧက စုစုပေါင်း ၃၇၅၄၆ ဒသမ ၉၆ ဧကဖြစ်ကြောင်း သိရသည်။

တပ်မတော်ပိုင်မြေများမှ ပြန် လည်စွန့်လွှတ်ပေးမည့် မြေများ၏ ပိုင် ဆိုင်မှု အမျိုးအစားများမှာ  ပြည်ထဲရေး အမိန့်ရပြီး  ၁၇၈၅ဝ ဒသမ ၂၈ ဧက၊  လန ၃၉ ရပြီး ၈ဝ၁ ဒသမ ဝ၅ ဧက၊ မြေစာရင်းပုံစံ (၁ဝ၅/၁ဝ၆) ရပြီး ၆၈၉၁ ဒသမ ၇၂ ဧက၊ မြေယာစီမံခန့်ခွဲ မှု ကော်မတီများ၏ လုပ်ပိုင်ခွင့်ရမြေ ၁ဝ၉၁၅ ဒသမ ၄၁ဧကနှင့် လုပ်ပိုင်ခွင့် လျှောက်ထားဆဲ ၁ဝ၈၈ ဒသမ ၅ဝ ဧက စုစုပေါင်း ၃၇၅၄၆ ဒသမ ၉၆ ဧကဖြစ်ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန် လည်စွန့်လွှတ်ပေးမည့်   မြေများနှင့် ပတ်သက်၍   မြေယာဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ  ပြည် ထောင်စုအစိုးရအဖွဲ့သို့  အပ်နှံသွား မည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီးဌာနများ၏   စီမံ ခန့်ခွဲမှုဖြင့် ဒေသခံတောင်သူများသို့ လုပ်ကိုင်ခွင့်ရရှိရန် ဆက်လက်ဆောင် ရွက်ပေးမည်ဟု သိရသည်။

တပ်မတော်ပိုင်   မြေများတွင်  အသုံးပြုရန်လိုအပ်ခြင်းမရှိသော မြေ များနှင့်ပတ်သက်၍ ထပ်မံစွန့် လွှတ်ပေး နိုင်ရေးအတွက် ဆက်လက်စိစစ်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့