Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 26 August 2013

စင်္ကာပူရောက် မြန်မာတွေ ပြည်တွင်းမှာ အလုပ်အကိုင်လျောက်ထားမှုများလာ

 Coca ​Cola ​နဲ့ ​Ooredoo ​ကုမ္ပဏီအပါအဝင် ​ပြည်တွင်းက ​ကုမ္ပဏီကြီး ​၁၂ခုမှာ ​စင်္ကာပူနိုင်ငံရောက် ​မြန်မာလုပ်သားတွေ ​အလုပ်လျှောက်ထားတာဟာ ​လျှောက်လွှာပေါင်း ​၁၀၀၀ကျော်ပြီလို့ ​ပြည်တွင်း ​အခြေစိုက် ​Myanmar ​Marketing ​Research ​& ​Development ​(MMRD)ကနေ ​ပြောပါတယ်။

MMRD ​ရဲ့ ​ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ ​ပြည်တွင်း ​အလုပ်အကိုင် ​ရှာဖွေရေး ​CDC ​ကုမ္ပဏီ ​ဟာ ​ပြည်တွင်း ​ကုမ္ပဏီကြီး ​၁၂ခုနဲ့ ​ချိတ်ဆက်ပြီး ​ပြည်ပရောက် ​မြန်မာနိုင်ငံသားတွေ ​ပြည်တွင်းမှာ ​ပြန်လည်လုပ်ကိုင် ​ဖို့ ​အတွက် ​စင်္ကာပူနိုင်ငံမှာ ​သြဂုတ်လ ​၁၇ ​ရက်နဲ့ ​၁၈ ​ရက်က ​First ​Myanmar ​Jobs ​Fair ​In ​Singapore ​ပွဲပြုလုပ်ပြီး ​ဖိတ်ခေါ် ​ခဲ့တယ်လို့လည်း ​သိရပါတယ်။

Coca ​Cola ​အပါအဝင် ​ကုမ္ပဏီ ​၁၂ ​ခုမှာ ​လျှောက်ထားသူ ​ဦးရေး ​၁၀၀၀ ​လောက်ရှိပြီလို့ ​MMRD ​Group ​ရဲ့ ​HR ​Assistant ​Manager ​မထိုက်ရွှေရည်ဦးက ​ယခုလိုပြောပါတယ်။

“လောလောဆယ်လည်း ​အခု ​Coca ​Cola ​မှာလည်း ​လူဦးရေက ​အခု ​သူတို့ ​CV ​ဖောင်လျှောက်ထားတဲ့ဟာက ​လူ ​အယောက် ​၄၀၀ ​လောက်ရှိတယ်ပေါ့နော်။ ​ဒါ ​Coca ​Cola ​တစ်ခုပဲ။ ​တစ်ခြား ​ကုမ္ပဏီပါ ​Over ​all ​ဆိုရင် ​တော့ ​ကျွန်မထင်တယ် ​ပျမ်းမျှတော့ ​တစ်ထောင်လောက်တော့ ​ရှိသွားမယ်လို့ ​မျှော်လင့်ပါတယ်။”

စင်္ကာပူရောက် ​မြန်မာလုပ်သားတွေအပြင် ​အိမ်နီးချင်းနိုင်ငံတွေမှာ ​လုပ်ကိုင်နေတဲ့ ​မြန်မာလုပ်သားတွေကို ​ ပြည်တွင်းမှာ ​ပြန်လည် ​လုပ်ကိုင်ဖို့အတွက် ​အဓိကရည်ရွယ်တာဖြစ်ပြီး ​အွန်လိုင်းက ​လျှောက်ထားသူတွေရှိသလို ​တစ်ချို့ဆိုရင် ​ပြည်တွင်းမှာ ​ပြန်လည် ​ရောက်ရှိနေပြီလိုလည်း ​ဆိုပါတယ်။

ပြည်တွင်းနဲ့ချိတ်ဆက်ထားတဲ့ ​ကုမ္ပဏီကြီး ​၁၂ ​ခုဟာ ​City ​Mart ​၊ ​Coca ​Cola ​၊ ​KBZ ​Bank ​၊ ​Ooredoo ​၊ ​Nokia ​Siemens ​Network ​၊ ​Fonterra ​၊ ​CDSG ​၊ ​Schieder ​Electric ​၊ ​Forever ​Group ​၊ ​AA ​Medical ​၊ ​Myanmar ​Brewery ​နဲ့ ​MMRD ​Group ​တို့ဖြစ်တယ်လို့ ​သိရပါတယ်။

ဒီကုမ္ပဏီတွေကနေ ​နည်းပညာပိုင်း ​လုပ်သားတွေ၊ ​Marketing ​ကျွမ်းကျင်သူတွေ၊ ​ဘဏ်လုပ်ငန်းဆိုင်ရာ ​ကျွမ်းကျင်သူတွေနဲ့ ​အခြား ​လုပ်သား ​အမျိုးမျိုးကို ​ခေါ်ယူသွားမှာ ​ဖြစ်ပါတယ်။

ယခုလို ​ပြည်ပက ​မြန်မာလုပ်သားတွေကို ​ဖိတ်ခေါ်တာဟာ ​ပြည်တွင်းက ​စီပွားရေး ​လုပ်ငန်းတွေ ​တိုးတက်ပြောင်းလဲစေချင်တာ ​ကြောင့် ​ဖြစ်တယ်လို့လည်း ​CDC ​ကုမ္ပဏီရဲ့ ​ဒါရိုက်တာ ​ဦးလင်းကျော်ထွန်း ​က ​ယခုလိုပြောပါတယ်။

“ပြည်ပက ​ဝင်လာတဲ့ ​ခုနက ​အတွေ့အကြုံရှိတဲ့ ​မြန်မာတွေပြန်လာပြီးတော့ ​ပြည်တွင်းမှာ ​ရှိတဲ့ ​ကိုယ့်မြန်မာတွေကို ​ပြန်ပြီးတော့ ​Knowledge ​Sharing ​ပေါ့နော်။ ​သူတို့ ​တက်ကျွမ်းထားတာလေးတွေ ​ဖလှယ်ပြီးတော့ ​ဒီမြန်မာနိုင်ငံရဲ့ ​စီးပွားရေး ​ကဏ္ဍမှာ ​တိုး ​တက်ပြောင်းလဲအောင် ​တစ်ခန်း ​တဏ္ဍဘေးကနေပြီးတော့ ​ပါဝင်ပေးတဲ့ ​သဘောပါ”

ပြည်ပက ​မြန်မာလုပ်သားတွေကို ​ပြန်လည်ဝင်ရောက်လာဖို့ ​ဖိတ်ခေါ်တာ ​ဖြစ်တဲ့အတွက် ​လစာနှုန်းထားတွေကလည်း ​ပြည်ပနဲ့ ​ကွာဟမှု ​သိပ်မရှိဘူးလို့ ​ခန့်မှန်းထား ​ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေကနေ ​မြန်မာလုပ်သားတွေကို ​ယခုလို ​ပြန်လည်ဖိတ်ခေါ်သွားဖို့ ​အတွက် ​လာမယ့် ​၂ ​လ၊ ​၃ ​လအတွင်းမှာ ​ဆက်လက် ​လုပ်ဆောင်သွားအုံးမယ်လို့ ​သိရပြီး ​ဆက်လက်ဖိတ်ခေါ်မယ့် ​အပိုင်းကတော့ ​ကဏ္ဍမျိုးစုံကို ​ဦးတည်မထားတော့ဘဲ ​ကဏ္ဍ ​တစ်ခုချင်းဆီအလိုက် ​ဆက်လက် ​ဖိတ်ခေါ်သွားမယ်လို့လည်း ​ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ​ပြုပြင်ပြောင်းလဲမှုတွေကြောင့် ​ရင်းနှီးမြုပ်နှံသူတွေနဲ့အတူ ​ပြောင်းလဲလာပြီး ​ပြည်ပရောက်နေတဲ့ ​ကျွမ်းကျင် ​ပညာရှင်တွေ ​လုပ်သားတွေကို ​ကိုယ့်နိုင်ငံမှာ ​ပြန်လည် ​လုပ်ကိုင်စေလိုတဲ့အကြောင်း ​နိုင်ငံတော်သမ္မတ ​စီပွားရေး ​အကြံပေးဒေါက်တာ ​အောင်ထွန်းသက်က ​ပြော ​တဲ့ ​အကြောင်း ​RA ​သတင်းထောက် ​စူးရှက ​သတင်းပေး ​ပို့ထားပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့