Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 26 August 2013

ကန့်ဘလူမြို့ ပုဒ်မ ၁၈၈ ထုတ်

ကန့်ဘလူမြို့က အကြမ်းဖက်ဖြစ်ရပ်ပုံရိပ်တချို့။ (ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန) သြဂုတ်လ ၂၅ ရက်၊ ၂၀၁၃။ ရန်ကုန် ၊ သြဂုတ် ၂၅ ။       ။ ကန့်ဘလူ မြို့နှင့်အနီးတစ်ဝိုက်တွင် ဩဂုတ် ၂၄ရက်က အကြမ်းဖက်မီးရှို့ဖျက် ဆီးမှုများကြောင့် လူစုလူဝေးခြင်း ကို တားဖြစ်သည့် ပုဒ်မ၁၈၈ကို ထုတ်ပြန်ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။  မီးရှို့ဖျက်ဆီးမှုကြောင့် ကန့်ဘလူမြို့နယ်မှ နေအိမ်၃၉ လုံး၊ ဈေးဆိုင်ခန်းသုံးခန်း၊ ကြက်ခြံ တစ်ခြံမီးလောင်ကျွမ်းပြီး နေအိမ် သုံးလုံး၊ ဈေးဆိုင်၁၂ခန်း၊ ဆောက် လုပ်ရေးပစ္စည်းဆိုင် သုံးဆိုင်တို့ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

လတ်တလောအခြေအနေ မှာ တည်ငြိမ်နေသော်လည်း မသမာသူများက လူစုလူဝေးဖြင့် အကြမ်းဖက်မှုများ ပြုလုပ်မည် ကို တားဆီးသည့်အနေဖြင့် ယခု ကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ စစ်တပ်နှင့်ရဲများက အကြမ်းဖက် မှုများ ထပ်မံမဖြစ် ပေါ်စေရေး အ တွက် လုံခြုံရေးတင်းကျပ်စွာချ ထားကြောင်း သိရသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာန ချုပ်မှတာဝန်ရှိသူတစ်ဦးက ''အ ကြမ်းဖက်မှုလုပ်ရပ်တွေနဲ့ပတ် သက်ပြီး မသင်္ကာသူ ရဦးကိုတော့ လတ်တလော ဖမ်းဆီးထားတယ်။ လူမျိုးရေး နဲ့ ဆက်နွှယ်အောင် ပဋိပက္ခတွေ ဖန်တီးနေတဲ့သူတွေကို  ဖော်ထုတ်ဖမ်းဆီးအရေးယူမှာ ပါ''ဟု ပြောသည်။

ကန့်ဘလူမြို့နှင့် ၁ဝမိုင်ခန့် ကွာဝေးသည့် ထန်းကုန်းရွာတွင် ဩဂုတ်၂၄ရက်က အသက်၁၉နှစ် အရွယ် ဇီးပင်သာရွာသူတစ်ဦးကို အမျိုးသားတစ်ဦးက အဓမ္မပြု ကျင့်ရန် ကြိုးစားခဲ့သောကြောင့် ကန့်ဘလူရဲစခန်းတွင် ထိန်းသိမ်း ထားရာမှ ထန်းကုန်း ကျေးရွာနှင့် ဇီးဖြူကျေးရွာမှ ရွာသား၁၅ဝခန့် က ထိန်းသိမ်းထားသောသူကို ထုတ်ပေးရန်တောင်းဆိုရာမှ လူ အင်အား တဖြည်းဖြည်းများလာ ပြီး လူအုပ်ကြီးက အဆောက်အ အုံများ၊ ဆန်စက်၊ လက်ဖက်ရည် ဆိုင်နှင့်အိမ်များကို မီးရှို့ ဖျက်ဆီး ခဲ့ပြီး ဩဂုတ်၂၅ရက် နံနက်ပိုင်း တွင် အင်အားနှစ်ရာခန့်ရှိသော လူအုပ်မှာ အုပ်စုကွဲသွားကြောင်း သိရသည်။

ယင်းကဲ့သို့အကြမ်းဖက်မှု များ ပြန်လည်ဖြစ်ပေါ်လာခြင်းနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းရဲတပ် ဖွဲ့မှူးရုံးကို ဖုန်းဆက်မေးမြန်းရာ ယင်းမှ တာဝန်ရှိသူက ''လော လောဆယ်တော့ အခြေအနေ တည်ငြိမ်နေတယ်။ စစ်တပ်နဲ့ရဲ ပူးပေါင်းထိန်းနေတယ်။ ဒါပေမဲ့ ဘာတွေ ဆက်ဖြစ်လာမလဲတော့ စောင့်ကြည့်ရမှာပဲ။ မသင်္ကာသူ တွေကိုလဲ ဖမ်းဆီးစစ်ဆေးနေ တယ်''ဟု ပြောသည်။  ရခိုင်ပြည်နယ်နှင့် မိတ္ထီလာ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးရှိ မြို့ နယ်တခိျု့နှင့် ရန်ကုန်တိုင်းဒေသ ကြီးရှိ တိုက်ကြီး ဥက္ကံမြို့တို့တွင် လည်း အလားတူဘာသာရေးနှင့် ဆက်နွယ်သော ပဋိပက္ခများဖြစ် ပေါ်ခဲ့ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့