Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 25 August 2013

ဆန်တင်ကုန်ကားတိုက်၍ လူနှစ်ဦးသေဆုံး

ပဲခူးမြို့၊ ရွှေမောဓော် ဘုရားတောင်ဘက်မုခ်အနီး၊သနပ္ပင်လမ်း သပြုသား၊ သံ၊ သတ္တုရောင်းဝယ်ရေး ဆိုင်ရှေ့တွင်(၂၄.၈.၂၀၁၃)နေ့ ည(၈း၀၀)အချိန်ခန့် ကယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ သနပ္ပင်ဘက်မှ ပဲခူးဘက်သို့ ယာဉ်မောင်းသန်းစိုး၊ အသက်(၄၅)နှစ် အလင်းရောင်(၆)လမ်း၊ နန်းတော်ရာ ရပ်ကွက်နေသူ မောင်းနှင်လာသော ၁ခ/………စိမ်းပြာရောင်(FUSO) Heinoခြောက်ဘီး ဆန်တင်ကားသည် သပြုသား ဆိုင်ရှေ့အရောက် ၄င်းဆိုင်ရှေ့တွင်ရပ်ထားသော ဆိုက္ကားအမှတ်…….အား ၀င်တိုက်မိရာ ဆိုက္ကားပေါ်ရှိ အောင်မြင့်မြတ် (ခ)မွန်ကုလား၊ အသက်(၂၅)နှစ်၊(ဘ)ဦးမောင်မြင့်၊အေးချမ်း သာယာရပ်၊နန်းတော်ရာ ရပ်ကွက်နေသူနှင့် နိုင်ရဲထွန်း၊ အသက်(၂၃)နှစ် (ဘ)ဦးအောင်ဝင်း၊ ရွှေအောင်ရွေး(၂)လမ်း၊ နန်းတော်ရာ ရပ်ကွက်နေသူ(၂) ဦး ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သဖြင့် ပဲခူးယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်ဆွေမောင်မောင် က တရားလို ပြုလုပ်လျှက် ပဲခူးမြို့မစခန်းတွင် ယာဉ်(ပ)၃၃/၂၀၁၃ အရအမှု ဖွင့်ထားကြောင်းနှင့် တရာခံ အမြန်ဖမ်းဆီးရမိ ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။




No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့