Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 August 2013

အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည့် အလန်ပါဂျူး


နယူးကာဆယ်နည်းပြ အလန်ပါဂျူး ဟာ ကွင်းလယ်လူ ကာဘာယီ အတွက် အာဆင်နယ် အသင်းရဲ့ ကမ်းလှမ်းမှုကို
ပယ်ချခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါး ဟာ ယခုအချိန်ထိ နာမည်ကြီးကစားသမား ၀ယ်ယူမှုမရှိသေးတာကြောင့် ကာဘာယီ ကို ပေါင် ၁၂ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နယူးကာဆယ် နည်းပြ အလန်ပါဂျူး က ပယ်ချခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး ဟာ ရီးရဲလ် တိုက်စစ်မှူး ဟူဂူအင် နဲ့ လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ် တို့ကို ခေါ်ယူရာမှာ အောင်မြင်မှု မရခဲ့တာကြောင့် ယခုလို နယူးကာဆယ်ကွင်းလယ်လူ ကာဘာယီ ကို ခေါ်ယူဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပမယ့် အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုဟာ ပေါင် ၁၂ သန်းသာရှိခဲ့တာကြောင့် ပယ်ချခြင်းခံခဲ့ရတာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းဟာ အဆိုပါကစားသမားအတွက် ပေါင်သန်း ၂၀ နဲ့ ၂၅ သန်းဝန်းကျင်အလိုရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ အဆိုပါပြောင်းရွှေ့ကြေးထက် ယခင်ကမ်းလှမ်းထားတဲ့ပြောင်းရွှေ့ကြေးကိုသာ အနည်းငယ် ပိုပေးဖို့ အလိုရှိနေတာဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ကာဘာယီ ကို မန်ယူအသင်းကလည်း ခေါ်ယူဖို့ စီစဉ်နေတယ်လို့ ဗြိတိန်မီဒီယာများက ဖော်ပြနေကြပါတယ်။ ဒါ့ကြောင့် နည်းပြ ပါဂျူး ကိုယ်တိုင် ကာဘာယီ ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သေချာမှုမရှိကြောင်း ထုတ်ဖော်ဝန်ခံထားပါတယ်။ ကာဘာယီ ကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အာဆင်နယ်အသင်းဟာ ကာဘာယီအပါအ၀င် ကျူဗင်တပ်ကွင်းလယ်လူ ပေါ့ဘာ ကိုပါ ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ကြောင်း နောက်ဆက်တွဲသတင်းများအရ သိရှိရပါတယ်။
 

   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့