Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 August 2013

ပြည်သူ့ဆေးရုံများရှိ အရေးပေါ် လူနာများအား အခမဲ့ဆေးကု ပေးလျက်ရှိ


ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးရဲ့ ပြောကြားချက် အရ ကျန်းမာရေး ၀န်ကြီးဌာနပိုင် ပြည်သူ့ဆေးရုံများမှာ အခုအခါ အရေးပေါ် လူနာများကို
အခမဲ့ ဆေးကုသပေးခြင်း တို့ကို ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အရေးပေါ် ခွဲစိတ်ကုသခြင်းနဲ့ သားဖွား လူနာများ ကိုလည်း အခမဲ့ ဆေးကုသပေးခြင်း တို့ကို ဆောင်ရွက် ပေးလျက်ရှိပြီး အသက် ငါးနှစ်အောက် ကလေးငယ်များ ပြုစုစောင့်ရှောက်ခြင်း ကိုလည်း အခမဲ့ ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။
 
ဒီလို အခမဲ့ ကုသ စောင့်ရှောက်မှုတွေ ပြုလုပ်ပေး တာဟာ ပြည်သူများ အနေနဲ့ ဆေးကုသမှု အခွင့်အရေးများ ပိုမိုတိုးတက် ရရှိရေး အတွက် ဆောင်ရွက်မှုတွေထဲက တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာလည်း ကျန်းမာရေး ၀န်ကြီးဌာန အနေနဲ့ အမျိုးသား ကျန်းမာရေး မူဝါဒများ ချမှတ်ကာ စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှ ဆေးပညာများ သွားရောက် သင်ယူပြီး ဒီလို သွားရောက် သင်ယူတဲံ နိုင်ငံများရှိ ဆေးတက္ကသိုလ်များမှ MBBS နဲ့ အလားတူ ဘွဲ့ရရှိခဲ့သူများကို မြန်မာနိုင်ငံ ဆေးကောင်စီမှာ မှတ်ပုံတင်ခွင့် ရရှိရေး အတွက်လည်း စီစဉ်ဆောင်ရွက် နေပြီ ဖြစ်တယ်လို့ သတင်းရရှိ ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့