Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 22 August 2013

တရုတ်နိုင်ငံရှိ တိရစ္ဆာန်ရုံတွင် ခွေးကို ခြင်္သေ့အဖြစ် အစားထိုးပြသ

တရုတ်နိုင်ငံမှ သတင်းမီဒီယာများက ဟန်နန်းခရိုင်ရှိ တိရစ္ဆာန်ရုံမှ တာဝန်ရှိသူများသည် မူလ ခြင်္သေ့ကို ဖယ်ထားပြီး အမွေးပွ တိဘက်ခွေးကြီး တစ်မျိုးကို အစားထိုးထ...ားခဲ့ခြင်းဟု ဖော်ပြခဲ့သည်။

တိရစ္ဆာန်ရုံတွင် လှောင်အိမ်တစ်လုံးထဲထည့်၊ ခြင်္သေ့ဟု စာတန်းထိုး ပြသထားသည့် သတ္တဝါတစ်ကောင်သည် လာရောက် ကြည့်ရှုသူများ ရှေ့မှောက်တွင် အသံထွက်ကာ ဟောင်လိုက်သည့်နောက် ဇာတိမှန် ပေါ်သွားကြောင်း သိရသည်။ တရုတ်နိုင်ငံမှ သတင်းမီဒီ ယာများက ဟန်နန်းခရိုင်ရှိ တိရစ္ဆာန်ရုံမှ တာဝန်ရှိသူများသည် မူလ ခြင်္သေ့ကို ဖယ်ထားပြီး အမွေးပွ တိဘက်ခွေးကြီး တစ်မျိုးကို အစားထိုးထားခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ စာတန်းထိုးထားသည်မှာ အာဖရိကခြင်္သေ့ဟူ၍ ဖြစ်သော်လည်း အထဲမှ စုတ်ဖွား သတ္တဝါက ဟောင်နေသဖြင့် လာရောက် ကြည့်ရှုသူများ ဇဝေဇဝါ ဖြစ်ခဲ့ရသည်။

နောက်ဆုံးတွင် တိရစ္ဆာန်ရုံ တာဝန်ရှိသူ တစ်ဦးက ခြင်္သေ့ကို သားဖောက်စင်တာ ပို့ထားပြီး လှောင်ချိုင့်ထဲတွင် ဝန်ထမ်းတစ် ဦးပိုင်သည့် ခွေးကို ထားရှိခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။ လူဟီမြို့ရှိ တိရစ္ဆာန်ရုံတွင် ခြင်္သေ့က ခွေးသံဖြင့် ဟောင်နေသည်ဆိုသော ကိစ္စမှာ တရုတ် Social Networkများတွင် ရယ်ပွဲဖွဲ့ မျှဝေစရာ ကိစ္စလည်း ဖြစ် လာသည်။ ယင်းအလိမ်ပေါ်မှုသည် မိခင်တစ်ဦးက သားဖြစ်သူအား လှောင် အိမ်ရှေ့တွင် လက်ညှိုးထိုးပြကာ ခြင်္သေ့ဟု ရှင်းပြနေစဉ် ခွေးက ထဟောင် ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ခွေးမျိုးသည် အညိုရောင် အမွေးအမင် များ ထူထပ်စွာ ရှိနေပြီး ခြင်္သေ့ အသေးစားနှင့် ခပ်ဆင်ဆင်တူသည်။

လျူဟုခေါ်သော အမျိုးသမီးက ဒီတိရစ္ဆာန်ရုံက ကျွန်မတို့ကို လိမ်လည်တာပဲ။ ခွေးကို ခြင်္သေ့ဆိုပြီး ညာပြောတယ်ဟု မကျေမနပ် ကန့်ကွက်ခဲ့သည်။ တိရစ္ဆာန်ရုံ တာဝန်ရှိသူ တစ်ဦးက မိမိတို့သည် ခြင်္သေ့ ကို သားဖောက်စခန်း ပို့ဆောင်ထားချိန်တွင် လုံခြုံရေး အခြေအနေအ ရ ခွေးတစ်ကောင်နှင့် ယာယီ အစားထိုးထားခြင်းသာ ဖြစ်ကြောင်း ဖြေ ရှင်းခဲ့သည်။ သို့သော်လည်း အဆိုပါ တိရစ္ဆာန်ရုံတွင် အခြားသော အမည်လွဲမှား တပ်ဆင်မှုများလည်း ရှိနေသေးသည်။ ဥပမာ မြေခွေးဖြူ တစ်ကောင်သည် ကျားသစ်ရုံထဲတွင် ရောက်နေပြီး အခြား အိမ်မွေးခွေး တစ်ကောင်ကိုလည်း ဝံပုလွေအဖြစ် စာတန်းထိုးထားသေးကြောင်း သိရှိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့