Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 August 2013

မြင်းခြံတွင် ဆိုလာစက်ရုံတည်ရန် အမေရိကန်ကုမ္ပဏီနှင့် မူအားဖြင့် သဘောတူညီထားဟု သမ္မတရုံးဝန်ကြီး ပြော

အမေရိ ကန် ACO ကုမ္ပဏီမှ မြန်မာနိုင်ငံ မြင်းခြံမြို့တွင် ဆိုလာစက်ရုံတည် ဆောက်ရန် အစိုးရအနေဖြင့် သဘောတူထားပြီဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

ဩဂုတ် ၂၄ရက်က ရန်ကုန် မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေးဗဟို စင်တာတွင်ပြုလုပ်သည့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောသည်။

သမ္မတရုံးဝန်ကြီးဦးစိုးသိန်း က ''ကျေးလက်ဒေသတွေမှာ ဆို လာစနစ်နဲ့မီးလင်းနိုင်ဖို့အတွက် ထိုင်ဝမ်နဲ့ပေါင်းလုပ်နေတာတွေ ရှိတယ်။ အမေရိကန်ကုမ္ပဏီက တော့ မဂ္ဂါဝပ်၂၀ဝထုတ် ဆိုလာ စက်ရုံတည်ဖို့ မူအားဖြင့် သဘော တူပြီးသွားပါပြီ''ဟုပြောသည်။

အဆိုပါ ACO Investment Group ကုမ္ပဏီသည် အမေရိကန် အခြေစိုက် ဘိုးအင်းပရော်ဖက်ရှင် နယ်ဆားဗစ်နှင့်Burns & Mc Donnell Engineering, Fentress Architechs, The MTRE ကော် ပိုရေးရှင်းနှင့် Unison Consulting တို့ပါဝင်ကြောင်း သိရသည်။

ဦးစိုးသိန်းက ''အခု ဆိုလာ စက်ရုံတစ်ခုကို ထိုင်ဝမ်နဲ့ပေါင်း ပြီးတော့ လုပ်နေတယ်။ အမေရိ ကန်နဲ့ ထိုင်ဝမ်နည်းပညာပေါင်း ထားတယ်။ ဒါပေမဲ့ ဈေးကွက်မှာ တရုတ်က ဈေးပေါပေါနဲ့ရောင်း နေတဲ့အတွက် မယှဉ်နိုင်ဘူး။ အ ခု ကျေးရွာတော်တော်များများ မှာ ကိုရီးယားနိုင်ငံရဲ့အကူအညီနဲ့ လုပ်နေတာတွေရှိတယ်။ ဆိုလာ က ကန့်သတ်ချက်တွေများတယ်။ ဘက်ထရီက ပြဿနာရှိတယ်။ အခု ဂျာမနီကိုလဲ ကမ်းလှမ်းထား တယ်''ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများအတွက် ကျပ်သန်းပေါင်း ၇၅ဘီလီယံကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်သုံးစွဲရန် စီ စဉ်ဆောင်ရွက်လျက်ရှိပြီး ကျေး လက်ဒေသများတွင် အမှန်တကယ် လိုအပ်သည့် ရေရရှိရေး၊ ကျေး လက်မီးလင်းရေးနှင့် လမ်းပန်းဆက် သွယ်ရေးကောင်းမွန်ရေးတို့ကို ဦး စားပေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောသည်။

မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုး တက်ရေးအသင်းမှ ဦးနေမျိုးဇင် က ''ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် တရားဥပဒေစိုးမိုးရေးက အရေးကြီးတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် အောက်ခြေ အထိဆင်းပါ။ အသိပညာပေးပါ။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတွေမှာ လျှပ်စစ်မီးမရှိလို့ အခက်အခဲတွေ အများကြီးဖြစ်နေပါတယ်။ ကျေး လက်ဒေသတွေမှာ မီးလင်းဖို့ဆို ရင် ဆိုလာစနစ်နည်းပညာသုံး စက်ရုံတွေ တည်ဆောက်ဖို့လို တယ်''ဟု ပြောသည်။
မြင်းခြံမြို့တွင် တည်ဆောက် မည့် ဆိုလာစက်ရုံနှင့်ပတ်သက်၍ မည်သည့်နေရာတွင် မည်သို့တည် ဆောက်မည်ဆိုသည်ကိုတော့ သမ္မတရုံးဝန်ကြီး ရှင်းလင်းပြော ကြားခဲ့ခြင်းမရှိပေ။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့