Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 September 2013

ငွေကြေးထပ်မံ သုံးစွဲဦးမည့် စပါးအသင်း

စပါးအသင်း "ဥက္ကဋ္ဌလီဗိုင်း"ဟာ လာမယ့်ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ကစားသမားခေါ် ယူဖို့အတွက် ငွေကြေးထပ်မံသုံးစွဲသွားမယ်လို့ သိရပါတယ်။
““လီဗိုင်း””ဟာ ယခုနှစ်အပြောင်းအရွှေ့ရာသီမှာ "ဘေးလ်"ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ ကြေးပေါင် (၈၅)သန်းနဲ့ ရီးရဲလ်အသင်းကို ရောင်းချခဲ့သလို အသင်းမှာလည်း ကစားသမား အများစုကို ပြန်လည်ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ စပါးအသင်းအနေနဲ့ ယခုလို ကစားသမား အသစ်များကို ခေါ်ယူခဲ့တဲ့ငွေပမာဏမှာ ပေါင်(၁၀၈)သန်းအထိ သုံးစွဲထားကာ ယခုနှစ် ပရီးမီးယားလိဂ်မှာ ငွေကြေးအများဆုံး သုံးစွဲထားတဲ့ အသင်းတစ်သင်းအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ယခုအခါ "လီဗိုင်း"က လာမယ့်ဇန်န၀ါရီအပြောင်းအရွှေ့မှာလည်း နည်းပြ "ဘိုအာ့စ်" လိုအပ်တဲ့ ကစားသမားများကို ခေါ်ယူနိုင်ရန်အတွက် ငွေကြေးထပ်မံထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ စပါးအသင်းအနေနဲ့ ဇန်န၀ါရီလအပြောင်းအရွှေ့မှာ နောက်တန်း ကစားသမားများကို ဦးစားပေးခေါ်ယူလိုနေတာဖြစ်ပြီး ရီးရဲလ်အသင်းရဲ့ နောက်ခံလူ ကွန်ထရာအိုကို စောင့်ကြည့်မှုများ ပြုလုပ်နေပြီဖြစ်ပါတယ်။ "လီဗိုင်း" အနေနဲ့ စပါးအသင်းကို ဥရောပအသင်း ကြီး တစ်သင်းဖြစ်ရန် ပစ်မှတ်ထားတာကြောင့် ယခုလို ငွေကြေးများစွာ သုံးစွဲနေတာလည်း ဖြစ်ပါတယ်။ ယခုအခါ စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ (၄)ပွဲကစားထားပြီး ရမှတ် (၉)မှတ် ရရှိထားကာ အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့